32 C
Yangon

နို့တကောမြို့နယ်တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပျက်စီး၊ ရွှေကျင်ရှိ ရေဖြူကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ

Must read

နို့တကောမြို့နယ်တွင် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှု ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပျက်စီး၊ ရွှေကျင်ရှိ ရေဖြူကန်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ နို့တကောမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲမှုကြောင့် ခရစ်ယာန် ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ−ဗဟိုထံမှ သိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီ ၂၅ မိနစ်တွင် နေပြည်တော်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Yak – 130 အမျိုးအစား ဂျက်ဖိုက်တာ ၁ စီးက ထီးသဘျုခီး ကျေးရွာကို ပေါင် ၅၀၀ ဗုံးသီး ကျဲချ တိုက်ခိုက်ခဲ့ပြီး ဗုံးသီးမှာ ပေါက်ကွဲခြင်း မရှိသော်လည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်းကို ထိမှန်ကာ သွပ်မိုးနှင့် ဘေးအကာများ ပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာလ ၃ ရက်နေ့ကလည်း မော်လမြိုင်မြို့ရှိ အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ လာသည့် Mi – 35 ရဟတ်ယာဥ်နှင့် Mi – 17 ပို့ဆောင်ရေး ရဟတ်ယာဥ်များ ကေအဲန်ယူ−ဒူးပလာယာခရိုင်အတွင်း ၃ ကြိမ် လာရောက်ခဲ့ကြောင်း သိရသည်။

ပထမအကြိမ် ပို့ဆောင်မှုကို နံနက် ၁၁ နာရီခန့်တွင် ပြုလုပ်ခဲ့ပြီး နို့တကောမြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့ရှိ အကြမ်းဖက် စစ်တပ် အခြေစိုက် ဗျူဟာကို တပ်မမှူး မျိုးဆက်အောင်အား MI 17 ရဟတ်ယာဥ်ဖြင့် လာရောက် ပို့ဆောင်ပြီး MI 35 ရဟတ်ယာဥ်ဖြင့် လုံခြုံရေး ပေးခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ်ပို့ဆောင်မှုကို မွန်းလွဲ ၁ နာရီ ၂၀ မိနစ် ပြုလုပ်ခဲ့ပြီး ကော့ကရိတ်မြို့နယ် ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံ ဗျူဟာမှူး အသစ် ဖြစ်သော အောင်ကျော်စိုး နှင့်အတူ တပ်သား ၁၀ ဦးကို မော်လမြိုင် ရတခ မှ MI 17 ဖြင့် လာရောက် ပို့ဆောင်ပြီး MI – 35 ရဟတ်ယာဥ်ဖြင့် လုံခြုံရေးပေးခဲ့ကြောင်း သိရသည်။

အလားတူ တတိယ အကြိမ်ပို့ဆောင်မှုကို မွန်းလွဲ ၁ နာရီ ၅၇ မိနစ်တွင် ပြုလုပ်ခဲ့ပြီး ဝင်းရေးမြို့နယ် ဘုရားသုံးဆူမြို့ အခြေစိုက် နဂါးတောင် ပင်မကုန်းတပ် စခန်းကို MI 17 ရဟတ်ယာဥ်ဖြင့် တပ်သား ၁၂ ဦး ပို့ဆောင်ပေးခဲ့​​ကြောင်း သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ ရေဖြူကန်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ−ဗဟို က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၇ နာရီ ၂၉ မိနစ်မှ စတင်ကာ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ပိန်းဇလုပ် အခြေစိုက် ခလရ−၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၇ လုံးဖြင့် ရေဖြူကန် ကျေးရွာအတွင်း ပစ်ခတ်ခဲ့ရာ အသက် ၅၀ အရွယ် မသီတာဝင်း နှင့် အသက် ၇၀ အရွယ် ဖွားခွန်တို့ ၂ ဦး လက်နက်ကြီးကျည် ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article