26 C
Yangon

ဖရူဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

Must read

ဖရူဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ရက်ဆက် ပစ်ခတ်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၆

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် ၂ ရက်ဆက် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာရပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၄ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဖရူဆိုမြို့နယ်၊ အနောက်ဖက်ရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာvနေအိမ် ၂ လုံး ထိခိုက် ပျက်ဆီးခဲ့ကြောင်း သိရသည်။

အလားတူ အောက်တိုဘာလ ၅ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ ၁၂၀ မမ လက်နက်ကြီးများဖြင့် ယင်းကျေးရွာအတွင်း ထပ်မံ ပစ်ခတ်ခဲ့ရာ အသက် ၅၀ ဝန်းကျင် အရွယ် အမျိုးသမီး ၁ ဦး၏ ဦးခေါင်း နှင့် ကျောကုန်းတို့ ထိခိုက် ဒဏ်ရာရရှိပြီး နွား ၁ ကောင်လည်း ထိခိုက် သေဆုံးခဲ့ကြောင်း၊ ည ၁၀ နာရီကျော်ခန့်တွင်လည်း လက်နက်ကြီး ၁၀ လုံးခန့်ဖြင့် ကျေးရွာများရှိရာ ဘက်ကို ဦးတည်၍ ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

ဖရူဆိုမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးကျောင်းမှ လက်နက်ကြီးများဖြင့် ပစ်ခက်ခဲ့သော ကျေးရွာသည် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပြည်သူအချို့ နေထိုင်နေသည့် ကျေးရွာသာဖြစ်ပြီး အရပ်သား ပြည်သူများကို ရန်သူသဖွယ် သတ်မှတ်၍ အကြမ်းဖက် စစ်တပ်က စစ်ရာဇဝတ်မှုများ ကျူးလွန်နေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article