ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ ပျူစောထီး စခန်းများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်
ရန်ကု်န၊ အောက်တိုဘာ ၆
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ အလယ်ကျွန်းရွာရှိ ပျူစခန်းများပေါ်သို့ မောင်းသူမဲ့လေယာဉ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယနေ့ အောက်တိုဘာလ ၆ ရက် နံနက် ၉ နာရီခန့်က အကြမ်းဖက်စစ်သား၊ ပျူအင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသော အလယ်ကျွန်းရွာရှိ စခန်းများပေါ် Shar Htoo Waw နည်းပညာ မောင်သူ့မဲ့လေယာဉ်ကို အသုံးပြုပြီး 1 Kg ဗုံးသီး ၃ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပစ်မှတ်ကို ထိမှန်မှုရှိခဲ့သော်လည်း အကြမ်းဖက်စစ် သား၊ ပျူစောထီးထိခိုက်သေဆုံးမှု မသိရသေးကြောင်း သိရသည်။
“ပစ်မှတ်တော့ ထိခဲ့တယ်ဗျ၊ Scout ဒရုန်းနဲ့ အရင် ကြည့်ပြီးမှ ဗုံးသီးကျဲချခဲ့တာ၊ စစ်ခွေး၊ ပျူလားတော့ မသိဘူး၊ ဗုံးသီးက အဲနားကို ကျသွားတာ မြင်ရတယ်၊ စစ်ခွေးတွေ ပြန်မပစ်ပဲ ဂျန်ပါဖွင့်ပြီး အိမ်တွေထဲ ပြေးဝင်သွားကြတာ၊ တိုက်ခိုက်ရေးဒရုန်းကတော့ ဂျန်ပါလွတ်တယ်၊ Scout ဒရုန်းကတော့ ဂျန်ပါမိခဲ့ သေးတယ်၊ ဘာမှတော့ မဖြစ်ခဲ့ဘူး” ဟု ကျောက်လုံးကြီး KLG တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁ ၊ တပ်ရင်း ၂၂ ၊ တပ်ရင်း ၂၃ KLG PDF (ကျောက်လုံး ကြီးအဖွဲ့) မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်စစ်သား၊ ပျူများကို တိုက်ခိုက်နိုင်ရန် မိဘ ပြည်သူများမှ ဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံထားသည်။