26 C
Yangon

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးသွားသည့် မမိုးမြင့်၏ မိခင်နှင့်ဆွေမျိုးကို နာရေး တက်ရောက် ရန် ထိုင်းအစိုးရက ဘန်ကောက်မြို့သို့ ခေါ်ယူ

Must read

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံးသွားသည့် မမိုးမြင့်၏ မိခင်နှင့်ဆွေမျိုးကို နာရေး တက်ရောက် ရန် ထိုင်းအစိုးရက ဘန်ကောက်မြို့သို့ ခေါ်ယူ

■ မမိုးမြင့် သေဆုံးသွားသော်လည်း ကျန်ရစ်သူ မိခင်ကို အလုပ်ရှင်က လစဉ် ထိုင်းဘတ်ငွေ ၁၀၀၀၀ ပေးအပ်သွားမည်ဟုဆို

ရန်ကုန်၊ အောက်တိုဘာ ၇

ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ Siam Paragon ကုန်တိုက်တွင် အောက်တိုဘာလ ၃ ရက်နေ့ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း သေဆုံးခဲ့သော မြန်မာအမျိုးသမီး မမိုးမြင့်၏ အသုဘ အခမ်းအနားကို တက်ရောက်ရန်အတွက် ထိုင်းအစိုးရက မမိုးမြင့်၏ မိခင်နှင့်ဆွေမျိုးကို ဘန်ကောက်မြို့သို့ ခေါ်ယူလိုက်ကြောင်း သိရှိရ သည်။

မမိုးမြင့်၏ မိခင်နှင့် ဆွေမျိုးများသည် အောက်တိုဘာလ ၆ ရက်နေ့ ညနေ ၅ နာရီ ၂၅ မိနစ်အချိန် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ပြီး ယင်းနေ့ ည ၇ နာရီ ၂၀ မိနစ် အချိန် သု၀ဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံခြား ရေး ဒုဝန် ကြီး Jakkrapong Sangmanee က မမိုးမြင့်၏ မိခင်နှင့် ဆွေမျိုးများ မမိုးမြင့် ၏ နာရေး တက်ရောက်ရန် ညှိနှိုင်းကူညီဆောင်ရွက်ပေး မည်ဖြစ် ကြောင်း သိရှိရသည်။

မမိုးမြင့်၏ နာရေးကို ထိုင်းနိုင်ငံ၊ Nonthaburi ၊ Pak Kret ရှိ Phasukmanijak ဘုရားကျောင်းတွင် အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ စီစဉ်ထားပြီး အောက်တိုဘာလ ၈ ရက်နေ့တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

မမိုးမြင့်သည် ဘန်ကောက် Siam Paragon ကုန်တိုက်ရှိ အရုပ်ဆိုင်တွင် ဝန်ထမ်း တစ်ဦးဖြစ်ပြီး ထိုင်း၊ တရုတ်နှင့်အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင် သူ ဖြစ်ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားသည့်နေ့တွင် မမိုးမြင့်သည် ဘဏ်တွင် ငွေလွှဲ ပြီး အိမ်သာသို့ ဝင်ရောက်နေစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း၊ လည်ပင်း၊ ကျောတို့တွင် သေနတ်ကျည် ၃ ချက် ထိမှန်ခဲ့ပြီးနောက် ဆေးရုံတွင် မမိုးမြင့် သေဆုံး သွားခဲ့ကြောင်း သိရှိရသည်။

မမိုးမြင့်၏ အလုပ်ရှင် Ms Da က မမိုးမြင့်သည် ဝန်ထမ်းကောင်းဖြစ်ပြီး ကျန်ရစ် သူ မိသားစုကို လုပ်ကိုင်ကျွေးမွေးနေသူဖြစ်သည့်အတွက် လစဉ် ထိုင်းဘတ် ၁၀၀၀၀ ထောက်ပံ့မည်ဖြစ်ကြောင်း ပြောဆိုသည်။

ဘန်ကောက်မြို့ပစ်ခတ်မှုတွင် ပြစ်မှုကျူးလွန်သူ ၁၄ နှစ်သားကို ဖမ်းမိထားပြီး ၁၄ နှစ်သား သေနတ်နှင့်ကျည်ဆန်များ ဝယ်ယူရာတွင် ပါဝင်ဆက်နွယ်သူများ ကို ထိုင်းအစိုးရက ဆက်လက် ဖမ်းဆီးလျက်ရှိ ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မမိုးမြင့်၏ နာရေး ပြင်ဆင်ထားမှု။

Photo- khaosod

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article