25 C
Yangon

ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ၊ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတလျှောက် တိုက်ခိုက်

Must read

ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ၊ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းတလျှောက် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၇

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၆ ရက်နေ့ နံနက်ပိုင်းက စတင်ကာ ပုလဲမြို့ပေါ်တွင် ညအိပ်တပ်စွဲခဲ့သည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းသည် ပုလဲ-ဂန့်ဂေါ လမ်းပိုင်းအတိုင်း လမ်းတစ်လျှောက်ရှိ ကျေးရွာများကို စစ်သားများက လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁၅၀၀၀ ကျော်သည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ပုလဲ-ဂန့်ဂေါ လမ်းပိုင်းတလျှောက် မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီး လက်နက်ငယ်များနှင့် တိုက်ခိုက်ခြင်း များပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“ဒေသ ကာကွယ်ရေးတပ်ဖွဲ့တွေ ပကဖတွေ PDF တွေနဲ့ ဖြစ်တာက ပုလဲမြို့နယ်ထဲ ဝင်တယ်။ ဝင်တဲ့အချိန်မှာလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရော ဒရုန်းနဲ့တိုက်ခိုက်တာတွေလည်းရှိတယ်။ ကျန်တဲ့အချိန်မှာလည်း မိုင်းဆွဲတိုက်ခိုက်တာတွေရော အပြန်အလှန်ပစ်ခတ်တာတွေရော ရှိပါတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် ယာဥ်တန်းထွက်ခွာသည် ၎င်းတို့ ဖြတ်သန်းသွားရာ လမ်းတလျှောက်ရှိ ကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူသွားကြောင်း၊ ထွက်ပြေးတိမ်းရှောင်နေကြသည့် စစ်ဘေးရှောင်များကို သက်ဆိုင်ရာ ကျေးရွာများရှိ တာဝန်ရှိသူများမှ ကူညီစောက်ရှောက်ပေးလျက်ရှိပြီး မြို့နယ်ပအဖ၊ လူစာနာ၊ သပိတ်အဖွဲ့များမှစစ်ဘေးရှောင်များအတွက် ဆန်နှင့် ငွေသားများ ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article