မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေချိန် လျှပ်စစ် ရထားနှင့် လျှပ်စစ် အသုံးပြုမည့် ရထားသယ်ယူပို့ဆောင်ရေး ပြောင်းလဲ အသုံး ပြု မည်ဟု မင်းအောင်လှိုင် ပြောဆိုပြန်
ရန်ကုန်၊ အောက်တိုဘာ ၈
မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေချိန်တွင် လျှပ် စစ် ရထားနှင့် လျှပ်စစ်အသုံးပြု ရထားသယ်ယူပို့ဆောင်ရေး ပြောင်းလဲ အသုံး ပြုမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန် သည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက်နေ့ ရန်ကုန်တိုင်း၊ မင်္ဂလာ တောင် ညွန့် မြို့နယ်၊ မလွှ ကုန်း ဒီဇယ်စက်ခေါင်းပြင်စက်ရုံကို သွားရောက် စစ်ဆေးစဉ် ထို သို့ ပြောဆို လိုက်ခြင်းဖြစ် သည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ခေတ်မီသည့် ရထား သယ် ယူ ပို့ဆောင်ရေး စနစ်ကို ဖော်ဆောင်နိုင်ရမည်ဖြစ်ပြီး လျှပ်စစ်ဓာတ်အား အသုံး ပြု သည့် မီးရ ထား စက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် လိုကြောင်း၊ ရထား သယ် ယူ ပို့ဆောင်ရေးကို လျှပ်စစ်အသုံးပြု၍ ပြောင်းလဲ ပြေးဆွဲနိုင်ရေး ကြိုတင် ပြင် ဆင်မှုများကို ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောဆိုသည်။
အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထိုသို့ ပြောဆိုနေချိန် ရန်ကုန် အပါအဝင် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးများ ဆိုးဝါးစွာ ပြတ်တောက်နေပြီး တစ် နေ့ လျှင် နာရီပိုင်းခန့်သာ မီးရရှိကြောင်း ဒေသပြည်သူများက ပြောဆို ကြ သည်။
မင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ် စတင် အာဏာသိမ်းချိန်ကတည်းက လျှပ်စစ် ရထား၊ လျှပ်စစ်ကား ဖော်ဆောင်မည်ဆိုသော ပြောဆိုချက်များကို မရပ်မနား ပြောဆိုခဲ့ပြီး လက်ရှိအချိန်အထိ လက်မလျှော့သေးသည်ကို တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် ဩဂုတ်လ၊ စက်တင် ဘာလနှင့် အောက်တိုဘာလ အစည်းအဝေး များနှင့်ဖွင့်ပွဲများတွင် မင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် လျှပ်စစ်ရထားနှင့် လျှပ် စစ် ကား စီမံကိန်း အကောင် အထည်ဖော်မည်ဖြစ်ကြောင်း၊နေပြည် တော် တွင် မြေအောက်ရထားစနစ်နှင့် လျှပ်စစ်ဘတ်စကားများ ပြေးဆွဲ မည် ဟု ပြော ဆိုခဲ့သည်။
မင်းအောင်လှိုင်က ရန်ကုန်-ပြည်ခရီးစဉ်ကို လျှပ်စစ်ရထားဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင် ဘာလ ၁၀ ရက်နေ့ ဖွင့်ပွဲတစ်ခုတွင်လည်း နေ ပြည်တော် တွင် လျှပ်စစ် ရထား လမ်း ဖောက်နိုင်ရေး ဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ် ဖော်ပြောဆို ခဲ့သည်။
“တစ်နိုင်ငံလုံး လျှပ်စစ်ရထား လမ်းနဲ့ဆွဲ ရပါ လိမ့်မယ်။ တစ်နိုင်ငံလုံး လျှပ်စစ် ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ ကား တွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါ လိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန်တစ်ခုပြီးရင် အဲဒါကို ကြေညာ ပါ့မယ်။”ဟု ၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည် တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုခဲ့သည်။
ထို့ပြင် မင်းအောင်လှိုင်က ယမန်နှစ်က ရန်ကုန်-ပြည် ရထားကို လျှပ်စစ်ရထား ပြေးဆွဲ မည်ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင်လည်း နေပြည်တော်တွင် လျှပ်စစ် ရထားလမ်းဖောက်နိုင်ရေး ဆောင်ရွက်မည် ဖြစ် ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
၂၀၂၁ နှစ် အောက်တိုဘာလ ၂၅ ရက်နေ့ နေပြည်တော် စစ်ကောင်စီအစည်း အဝေးတွင် မင်းအောင်လှိုင်က “တစ်နိုင်ငံလုံး လျှပ်စစ်ရထားလမ်း နဲ့ဆွဲရပါ လိမ့် မယ်။ တစ်နိုင်ငံလုံး လျှပ်စစ်ရထားနဲ့ပြေးပါမယ်။ မြို့ပေါ်မှာသုံးတဲ့ကားတွေဟာ လျှပ်စစ်ကားတွေ ဖြစ်ရပါလိမ့်မယ်။ ကျနော်တို့ တွက်ချက်နေတယ်။ အချိန် တစ်ခု ပြီးရင် အဲဒါကိုကြေညာပါ့မယ်။”ဟု ထုတ်ဖော်ပြောဆိုခဲ့သည်။
မင်းအောင်လှိုင်၏ လျှပ်စစ်ရထားနှင့်လျှပ်စစ်ကား စီမံကိန်းများကို ပြောဆိုခဲ့ သော်လည်း လက်တွေ့တွင် လျှပ်စစ်မီးပင် မှန်မှန်မပေးနိုင်၍ ပြည်သူများ အကြား လှောင်ရယ်စရာအဖြစ် လူမှုကွန်ရက်များတွင် ဝေဖန်မှုများ တရှိန် ထိုးမြင့်တက်ခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ မလွှကုန်း ဒီဇယ်စက်ခေါင်းစက်ရုံ ရောက်ရှိနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။