ပဲခူး၊ ဒေးစွန်ပါ သာသနာနယ်မြေတွင် ဘုရားစေတီ၊ ကျောင်းဆောင်များကို ဦးဆောင် ဖျက်ဆီးခဲ့သူ ခလရ ၉၀ မှ ဗိုလ်ကြီး၏ ဇနီးမိသားစု ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်
ရန်ကုန်၊ အောက်တိုဘာ ၈
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်းနေသည်ဆိုသော အကြောင်းပြချက်ဖြင့် သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး သန့်ဇင်ဦး ဦးဆောင်သော အဖွဲ့က ဘုရား၊ စေတီနှင့် သာသနိက အဆောက်အအုံများကို ဖျက်ဆီးခဲ့ပြီးနောက် အဆိုပါ ခလရ ၉၀ မှ ဗိုလ်ကြီး သန့် ဇင်ဦး၏ ဇနီးနှင့် ကလေးမှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
သန်လျင် အခြေစိုက် ခလရ တပ်ရင်း ၉၀ မှ ဗိုလ်ကြီးသည် အောက်တိုဘာလ ဆန်းပိုင်း တွင် ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်း နေ သည်ဆိုသော အကြောင်းပြချက်ဖြင့် ဘုရား၊ စေတီနှင့် သာသနိက အဆောက် အအုံများကို ဖျက်ဆီးခဲ့ကြောင်း၊ ရန်ကုန်တိုင်းကော့မှူးမြို့နယ်၊ ဇလုပ်ကြီး ကျေးရွာမှ ပြည်သူများကို ဘုရားစေတီ ဖျက်ဆီးရာတွင် ခိုင်းစေရန် လူတစ်ဦးလျှင် ၁၀၀၀၀ ကျပ်ဖြင့် ငှားရမ်းခဲ့ကြောင်း ၊ ဘုရားစေတီများကို ဖျက်ဆီးသူ ခလရ ၉၀ မှ ဗိုလ်ကြီး သန့်ဇင်ဦး၏ ဇနီးနှင့်ကလေးငယ်မှာ ကော့မှူးမြို့၊ ဇလုပ်ကြီးကျေးရွာတွင်နေထိုင်ခဲ့ရာမှ ၎င်းတို့အကြောင်းကို လူအများသိရှိသောအခါ ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။
“သူတို့သတင်းကိုထပ်တွေ့ရင် ရွာကလူသတင်းပေးလို့ သတင်းတက် တာတွေ့ရင် ရွာနာမယ်လို့ခြိမ်းခြောက်ထားတယ်။ သူ့သတင်းတက် ပြီးတယ်ဆိုသူ့အိမ်ကိုကင်းစောင့်ပေးကြရတယ်။ အခုတော့ရွာ က တော့ပြောင်းသွားကြပြီ။ ဘယ်ပြောင်းသွားလဲမသိဘူး” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်၊ ဝမ်းဘဲအင်းကျေးရွာ ၊ ဒေးစွန်ပါ သာသနာ့နယ်မြေတွင် PDF များ ဝင်ရောက်ခိုအောင်းနေသည်ဆိုသော အကြောင်းပြခက်ဖြင့် သန်လျင် ခလရ ၉၀ မှ ဗိုလ်ကြီး ဦးဆောင်သော အဖွဲ့က ဘုရား၊ စေတီနှင့် သာသနိက အဆောက်အအုံများကို ဖျက်ဆီးခဲ့ကြောင်း ၊ ကော့မှူးမြို့ နယ်၊ ဇလုပ်ကြီးကျေးရွာမှ ရွာသားတချို့ကို အလုပ်သမားအဖြစ် ငှားရမ်း အသုံးပြုခဲ့ကြောင်း ကော့မှူး ဒေသပြည်သူတချို့က ပြောဆိုသည်။
ဒေးစွန်ပါ သာသနာ့နယ်မြေမှ ဘုရား၊ စေတီနှင့် ကျောင်းဆောင်များကို ဦးဆောင် ဖျက်ဆီးသူ ခလရ ၉၀ မှ ဗိုလ်ကြီး သည် ကော့မှူးမြို့နယ်၊ ဇလုပ်ကြီးကျေးရွာမှ ဖြစ်ပြီး ၎င်းကိုယ်တိုင် ဦးဆောင်၍ ရွာသားတချို့ကို ငှားရမ်းကာ ဒေးစွန်ပါ သာသနာနယ်မြေတွင် ဖျက်ဆီးမှုများ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊ ဘုရားစေတီများကို ဖျက်ဆီးနေသူ ဗိုလ်ကြီး သန့်ဇင်ဦး သည် မကြာခင်က ကားမှောက်ခဲ့ပြီး ဒဏ်ရာရရှိခဲ့ရာမှ ပြန်လည် ကောင်းမွန် လာသူဖြစ်ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒေးစွန်ပါတွင် စစ်တပ်က ဖျက်ဆီးခဲ့သော ဘုရားစေတီနှင့် ကျောင်းဆောင်များ။