33 C
Yangon

ဖရူဆိုမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

Must read

ဖရူဆိုမြို့နယ်တွင် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၈

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု စစ်ဘေးရှောင် ကလေးငယ် ၁ ဦးသေဆုံးပြီး နေအိမ် ၂ လုံးပျက်စီးခဲ့ကြောင်း KNDF တပ်ရင်း အမှတ် ၁၅ က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ဒေသ ပြည်သူများ နှင့် စစ်ဘေးရှောင် ပြည်သူများ နေထိုင်သော ကျေးရွာတစ်ရွာကို ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ စစ်သားများက လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ပစ်ခတ်သေ လက်နက်ကြီး ၂ လုံးသည် ကျေးရွာအတွင်း ကျရောက်ခဲ့ပြီး စစ်ဘေး ရှောင် မိသားစု နေထိုင်သော နေအိမ်အနီး ကျရောက် ပေါက်ကွဲခဲ့ကာ နေအိမ်အတွင်းရှိ ၈ နှစ်အရွယ် ကလေးငယ် ၁ ဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးလည်း လက်နက်ကြီးထိမှန်ကာ ပျက်စီးခဲ့ကြောင်း သိရသည်။

အလားတူ ယနေ့ ညနေပိုင်း ၄ နာရီ ၃၀ မိနစ်ခန့်တွင်လည်း ဖရူဆိုမြို့နယ် အခြေစိုက် အမှတ် ၁၄ တန်းမြှင့် စစ်လေ့ကျင့်ရေးကျောင်းမှ စစ်သားများက လက်နက်ကြီး ၂ လုံး ထပ်မံ ပစ်ခတ်ခဲ့ပြီး ကျေးရွာအနီး တစ်ဝိုက်တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

ဖရူဆိုမြို့နယ် အခြေစိုက် တကသ ၁၄ က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သော နေရာများသည် အရပ်သား ပြည်သူများ ပုံမှန်နေထိုင်သော ကျေးရွာများနှင့် တိုက်ပွဲများကြောင့် စစ်ပွဲနှင့် ဝေးရာ နေရာများ၌ တိမ်းရှောင်နေရသော အရပ်သား စစ်ဘေးရှောင်များ နေထိုင်သည့် နေရာများသာဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကို ရန်သူသဖွယ် ပစ်မှတ်ထား တိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ပေါ်ပေါ်ထင်ထင် ကျူးလွန်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article