25 C
Yangon

ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား

Must read

ကန့်ဘလူရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွား

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ကန့်ဘလူရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရပြီး ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၃ ဦးကို ဖမ်းဆီးသွားကြောင်း ကျွန်းလှ တက်ကြွ လှုပ်ရှားသူများ အဖွဲ့ထံမှ သိရှိရသည်။

စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အောက်တိုဘာလ ၇ ရက်နေ့ထိ အကြမ်းဖက် စစ်တပ်၏ ခြေမြန် တပ်ရင်း ၃၆၁ နှင့် ပျူစောထီးများက စစ်ကြောင်းထိုးနေမှုကြောင့် ငှက်ပျောတိုင်း၊ ခအုံးတာ၊ ကျေးပင်အက်၊ အင်းလယ်ကြီး၊ ရွာမ၊ ရွာသစ်၊ မြသဇင်၊ ပေကြီး၊ မြိုင်သာယာနှင့် လေးလှ စသည့် ကျေးရွာ ၁၀ ရွာမှ ဒေသပြည်သူများ စစ်ဘေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အောက်တိုဘာ ၅ ရက်နေ့တွင် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံ၌ အင်အား ၈၀ ခန့် နောက်ချန်အထိုင်အဖြစ် ထားကာ ကျန်အင်အားဖြင့် ဗျူဟာလမ်း အနောက်ခြမ်းရှိ ကျေးပင်အက်၊ ရွာမ နှင့် အင်းလယ်ကြီးရွာတို့အား ဆက်တိုက်စစ်ကြောင်းထိုးရာတွင် အောက်တိုဘာ ၆ ရက်၌ အင်းလယ်ကြီးရွာမှ အသက် ၁၅ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အသက် ၃၀ အရွယ် အမျိုးသားနှစ်ဦးကိုပါ ဖမ်းဆီးထားကြောင်း ၊ လက်ရှိအချိန် ဖမ်းဆီးခံထားရသူများမှာ ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှသိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် ငှက်ပျောတိုင်းရွာသစ် လျှပ်စစ်ဓာတ်အားပေးရုံတွင် တပ်စွဲပြီး အောက်တိုဘာ ၂ ရက်နေ့၌ အဆိုပါ ကျေးရွာမှ ပြည်သူပိုင် ပစ္စည်းများကိုလည်း လုယက် ယူဆောင်သွားကြောင်း၊ ငှက်ပျောတိုင်းရွာရှိ လျှပ်စစ်ဓာတ်အားပေးရုံတွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ တပ်စွဲနေသည့်အတွက် ဒေသပြည်သူများမှာ စစ်ဘေးရှောင်တိမ်းနေရသည်မှာ ၂ ပတ်ခန့်ရှိပြီဖြစ်ပြီး မည်သည့်အချိန်တွင် ရွာတွင် ပြန်လည်နေထိုင်ရမည်ကို မသိရ၍ အခက်တွေ့နေ ကြကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ၏ ဆက်တိုက် စစ်ကြောင်းထိုးနေမှုကြောင့် စစ်​ဘေးရှောင် ပြည်သူများသည် လက်ရှိချိန်တွင် စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article