25 C
Yangon

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီး

Must read

ကလေးမြို့နယ်၊ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီး

ရန်ကုန်၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ စက္ကန့်ကျေးရွာမှ မြေးအဖွား ၂ ဦးကို စစ်သားများက သတ်ဖြတ်ပြီး ကျေးရွာကို ၂ ရက်ဆက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာမှ အသက် ၆၇ နှစ်အရွယ် Nu Ngaih Hnem နှင့် အသက် ၁၄ နှစ် အရွယ် Salai Van Bawi Lian တို့ကို သတ်ဖြတ်ပြီး ရုပ်အလောင်းနှင့် စီးလာသည့် ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က စက္ကန့်ကျေးရွာကို ထပ်မံ မီးရှို့နေပြီး ကျေးရွာအတွင်း၌ စစ်သားများ ရှိနေသောကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

“စက္ကန့်ကိုလည်း ခုထိ မီးထပ်ရှို့နေတယ်။ ရွာထဲမှာ မီးရှို့နေတာ အခုအထိပဲ”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article