ပေါင်းတည်မြို့နယ်၊ အောင်သပြေကျေးရွာနေ ပျူစောထီးတစ်ဦးကို ပစ်ခတ်ခံ ရပြီးသေဆုံး၊ ရွှေတောင်မြို့ ကြာနီကန်ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှင့်တင့်ကား တပ်ကို ဗုံးခွဲတိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၈
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစား ထောက်တိုင် လမ်းပြ သတင်းပေး ပျူစောထီးခေါင်းဆောင်ဖိုးဝကို နေအိမ်အတွင်းဝင်ရောက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ပေါင်းတည် PDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ အောက်တိုဘာလ ၇ ရက် ည ၁၂ နာရီခန့်ကပေါင်းတည်မြို့နယ်၊ ကျောက် တံခါးကျေးရွာ အုပ်စု၊ အောင်သပြေကျေးရွာတွင် နေထိုင်သော အကြမ်းဖက်စစ်ကောင်စီ၏ အကြီးစား ထောက်တိုင် ပျူစောထီးသင်တန်းဆင်း ခေါင်းဆောင် ဖိုးဝကို ၎င်း၏နေအိမ်၌ ဝင်ရောက်ပြီး သေနတ်ဖြင့် ၄ ချက် ပစ် ခတ် ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သိရသည်။
အကြမ်းဖက်စစ်ကောင်စီ ထောက်တိုင်ဖိုးဝသည် ပျူစောထီး သင်တန်း တက် ရောက်ပြီး ခေါင်းဆောင်လုပ် နေသဖြင့် တော်လှန်ရေးတပ်ဖွဲများက ၎င်းလုပ်ရပ် များကို ဆက်၍မလုပ်ဆောင်ရန် အကြိမ်ကြိမ် သတိ ပေးတားမြစ်သော်လည်း လိုက်နာခြင်းမရှိဘဲ ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲဝင်များကို ခေါ်ယူ၍ တပ်စွဲခိုင်းခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲများရှိသည့် နေရာများကို သတင်း ထောက်လှမ်းကာ စစ် ကောင်စီတပ်များနှင့် စစ်ကြောင်းထိုးရာတွင် အတူတကွ လိုက်ပါခြင်းတိုကို ဆက်လက်လုပ်ဆောင်နေ သည့်အတွက် ပစ်ခတ်ရှင်း လင်း ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါပစ်ခတ်ရှင်းလင်းမှုကို ပေါင်းတည်မြိုနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ (PPDF)၊ တပ်ခွဲ ၅ ၊ နွေဦး အဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ ထောက် တိုင် အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်၊ ပျူစောထီးများကို ဆက်လက်၍ ပြတ်ပြတ်သားသား အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
အလားတူ ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရွှေတောင်မြို့၊ ကြာနီကန် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် ချော့ခေါ်ကားတပ်ကို ဖောက်ခွဲ တိုက်ခိုက် ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ ည ၉ နာရီခန့်က ရွှေတောင်မြို့၊ ကြာနီရပ်ကွက် အုပ်ချုပ် ရေးမှူးရုံးကို ရွှေ တောင်မြို့၊ ကြာနီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ကိုလည်းကောင်း၊ အောက်တိုဘာလ ၇ ည ၈ နာရီခန့်က ချောခေါ်ကားတပ်အား လည်းကောင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ဘေးကင်းစွာ စခန်းသို့ ပြန်လည်ရောက်ရှိပြီဖြစ်ကြောင်း သိရသည်။
“လူထိခိုက်မှုမရှိမရှိက နောက်ဆွဲတွဲမြေပြင်သတင်း အတည်ပြုချက် မရသေး ပါဘူးဗျ၊ ချော့ခေါ်ကားတပ် ဆိုတာက အမြောက်ပစ်ကွင်းလည်းရှိတယ်၊ တင့် ကား ဘာညာထားတဲ့ တပ်အမည်ပါ၊ ဒေသအခေါ်က အဲလိုပဲခေါ်တယ်၊ မြေပြင် မှာ က အဲလိုပဲခေါ်ကြတာ” ဟု ပြည်ခရိုင် တပ်ရင်း ၃၆၀၂ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါတိုက်ခိုက်မှုများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ၊ အမှတ် ၂ စစ်ဒေသ ၊ ပဲခူးတိုင်းစစ်ဒေသခွဲ အမှတ် ၃၆၀၂ ပြည်ခရိုင်တပ်ရင်း တပ်ခွဲ ၃ ရဲဘော်များမှ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။
ရွှေတောင်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ ၏ စစ်ရေး ပစ်မှတ်ဖြစ်သော စစ်သား၊ ရဲ ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများ၊ အကြမ်း ဖက် စစ်ကောင်စီထောက်တိုင် များနှင့်အတူ သွားလာ နေထိုင်ခြင်း၊ မြို့တွင်း၌ သွားလာနေသောအိမ်စီးကားများ အနေဖြင့်လည်း ကား ပြတင်း ပေါက်မှန် များကို အမည်းရောင်သုံးခြင်း၊ မှန်တင်၍ သွားလာမောင်းနှင်ခြင်း များ မပြုလုပ်ကြပါရန် သတိပေးထားသည်။