ရေးမြို့နယ်၊ မြသီတာဈေးအနီးတွင် ပျူစောထီးခေါင်းဆောင် ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မြသီတာဈေးအနီးတွင် ပျူစောထီး ခေါင်းဆောင် ၁ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရေးမြို့နယ်၊ မြသီတာဈေးအနီး၌ ပျူစောထီး ခေါင်းဆောင် ကိုလတ်ဆိုသူကို ရေးဘီလူးအဖွဲ့က ၉ မမ ကျည်သုံး ပစ္စတိုဖြင့် ၃ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“သေပြီလို့တော့ ကြားတယ်။ အခု ဆေးရုံမှာ” ဟု ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။
အဆိုပါ ပျူစောထီး ခေါင်းဆောင် ကိုလတ်ဆိုသူသည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး ရေးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ် အလိုကျ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။