လောင်းလုံးတွင် ကျေးလက်အခြေပြု လူထုစည်းရုံးလှုံ့ဆော်ရေး တော်လှန်ရုပ်ရှင်ပြပွဲ ပြုလုပ်
ရန်ကုန်၊ အောက်တိုဘာလ ၁၁
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီမှ ဦးဆောင်ပြီး ကျေးလက်အခြေပြု လူထုစည်းရုံးရေး တော်လှန်ရုပ်ရှင်ပြပွဲ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

