25 C
Yangon

မိုးဗြဲရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး ဒဏ်ရာရ

Must read

မိုးဗြဲရှိ စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၁၀ ဦးသေဆုံး၊ ရေစကြိုတွင် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၁

ကယားပြည်နယ်နှင့် ရှမ်းပြည်နယ် အစပ် မိုးဗြဲမြို့အနီးရှိ အကြမ်းဖက်စစ် ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း Karenni Revolution Union – KRU သိရသည်။

အောက်တိုဘာလ ၉ ရက် နံနက် ၆ နာရီခန့်တွင် မိုးဗြဲမြို့၊ ဒုန်းဒူထန်ရွာ၊ ရထားသံလမ်းအနီးရှိ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၈ နာရီခန့် အထိ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၁၀ ဦးထက် မနည်း သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စစ်ခွေးသေတာ မျက်မြင်ကတော့ ၅ လောင်း၊ ၆ လောင်းလောက်ပဲ မျက်မြင်ရတာပေါ့၊ ဒါပေမယ့် ဒီ ထက်မက သေနိုင်တယ်လို့ ခန့်မှန်းရတာပေါ့၊ မမြင်ရတဲ့ အလောင်းတွေလည်းရှိသေးတာဆိုတော့၊ ဒါ့ပေမယ့် ကပ်လို့မရဘူး၊ လက်နက်တွေရော၊ အလောင်းတွေရော ဆွဲယူသွားတာဆိုတော့၊ ကပ်လို့ မရဘူး၊ စစ်ကူကလည်း အနီးမှာပဲရှိတော့ ဆုတ်ခွာလိုက်ရတာ၊ ရထားသံလမ်းဘေး တလျှောက်ဆိုရင် သူတို့က ရှေ့ကင်းစခန်းရှိသလို နောက်မှာဆိုရင်လည်း သူတို့လူ အရန်တွေထားတာရှိတယ်၊ ပြီးတော့ လက်နက်ခဲယမ်းအခက်အခဲကြောင့်လည်းပါတယ်၊ အဲဒါကြောင့် စခန်းမသိမ်းနိုင်ပဲ ပြန်ဆုတ်လိုက်ရ တာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ဒီးမော့ဆိုမြို့နယ် တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီး ပစ်ကူ အမြောက်အများအသုံးပြုခြင်း၊ စစ်ကူအများအပြား ရောက်ရှိလာခြင်းကြောင့် စခန်းသိမ်းပိုက်နိုင် ခြင်းမရှိပဲ ပြန်လည် ဆုတ်ခွာခဲ့ရ ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မိုးဗြဲ PDF၊ လွိုင်ကော် Local PDF(KRU)၊ ကလလတ နှင့် ပြည်သူ့ကာကွယ်ရေး တပ်-ဒီးမော့ဆို DMO-Local PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိုးဗြဲ PDF တပ်ဖွဲ့မှ ရဲဘော် မောင်ယောဟန် ကျဆုံးကာ ၃ ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသော ရဲဘော်များကို လုံခြုံသော နေရာသို့ ပို့ဆောင်ထားပြီး ကျန်းမာရေးကုသမှု ကောင်းမွန်စွာခံယူလျက်ရှိကြောင်း Loikaw Local PDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ ထုတ်ပြန်ထားသည်။

ထို့ပြင် မကွေးတိုင်း၊ ရေစကြိုမြို့မြို့မရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ် ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၆ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေစကြို ပကဖမှ တာဝန်ရှိ သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်က အင်အား ၃၀ ခန့်ဖြင့် ရေစကြိုမြို့မရဲ စခန်း အတွင်းမှ ခြေလျင်ထွက်လာသည့် စစ်သား၊ ရဲနှင့် ပျူစောထီးများ ပါဝင်သော စစ်ကြောင်းကို ရေစကြိုမြို့အထွက် ခွာနီးခြံအနီးတွင် ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ၁၂ လုံးတွဲမိုင်း ဖြင့် ဖောက် ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးအပြင်းအထန်ဒဏ်ရာရရှိပြီး ပြည်သူ့ကားများ ကို ချောဆွဲကာ ဒဏ်ရာရသူများကို တင်ဆောင်ပြီး ရေစကြိုမြို့အတွင်းသို့ ပြန်ဝင်သွားကြောင်း သိရ သည်။

“၆ ယောက်လောက်ကတော့ အပြင်းအထန်ဒဏ်ရာရတယ်၊ မိုင်းဆွဲတဲ့နေရာကလည်း ကားလမ်း ဘေးဖြစ်တဲ့အတွက်ကြောင့် ပြည်သူတွေ ကားကို တားပြီး ဒဏ်ရာရတဲ့သူတွေ အကုန်လုံးကို တင်ပြီး ရေစကြိုမြို့ထဲပြန်ဝင်သွားတာ၊ သေမသေကတော့ ဆက်လက်စုံစမ်းနေတုန်းပဲ၊ ဆေးရုံမှာလည်း သူ တို့လူတွေချည်းပဲရှိတာဆိုတော့ စုံစမ်းလို့မရဘူးဖြစ်နေတယ်၊ ပြန်ပစ်တာတော့ရှိတယ်၊ အခုနောက်ပိုင်း သွားရင်လာရင် သေနတ်တွေပစ်ဖောက်ပြီးသွားလာနေကြတာ” ဟု ရေစကြို ပကဖမှ တာဝန်ရှိ သူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ရှေ့ရက်များကလည်း ရေစကြိမြို့တောင်ဘက်ခြမ်းရှိ ကဘဲ့၊ သမန်တဘို့၊ စဉ့်ကိုင်ကျေးရွာတို့၌ စစ် ကြောင်းထိုးခဲ့ကြောင်း၊ ရေစကြိုမြို့ပေါ်နေ မိဘပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ ရဲစခန်း၊ ပျူစခန်း၊ အကြမ်းဖက်စစ်တပ်စခန်းများနှင့် ဝေးရာနေထိုင်ပေးကြပါရန် ရေစကြို ပကဖမှ မေတ္တာရပ်ခံထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article