26 C
Yangon

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ခင်ဦးတွင် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ရန်ကုန်၊ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို သတ်ဖြတ်ပြီး ကျေးရွာများကို စစ်ကြောင်း ထိုးနေ​သောကြောင့် ပြည်သူ ၄၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ​ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလဆန်းပိုင်းက စတင်ကာ ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၁၀၀ ကျော်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကံသာယာကျေးရွာ အရှေ့ဘက် နတ်ကြီးကုန်း တောတိုက်မှ ပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကို အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီး သတ်ဖြတ်ပြီး အမျိုးသမီး ဝတ်ဆင်ထားသည့် ရွှေနားကပ်ကို နားဖြတ်၍ ယူဆောင်သွားကြောင်း သိရှိရသည်။

“စကစတွေ မညိုအသက်၂၅ နှစ်ကို ဖမ်းဆီးသတ်ဖြတ်ပြီး နားဖြတ်၍ ရွှေနားကပ်ကိုယူသွားပါတယ်”ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက လက်နက်ကြီး ၊ လက်နက်ငယ်များနှင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် အသက် ၄၅ နှစ်အရွယ် ဦးဖိုးခိုင်သည် စစ်ဘေးရှောင်ရင်း သေနတ်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ရပြီး ပြည်သူ ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောပြသည်။

ခင်ဦးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စစ်ကြောင်းထိုးနေပြီး အောက်တိုဘာ ၁၁ ရက်နေ့တွင် သံဘို ၊ ကျီးကန်၊ ရေအေးကုန်း၊ နှဲတွင်း၊ ဆီဆုံလေး၊ မိုးနတ်စသည့် ကျေးရွာများမှ ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်ပြေးနေကြရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

Photo – စစ်ကိုင်းတိုင်းအတွင်း စစ်တပ် စစ်ကြောင်း ရွာထဲ ဝင်ရောက်လာသော ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article