ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို LPDF တပ်ဖွဲ့များ စုပေါင်းပြီး အိမ်ထောင်စု ၁၆၀ ကို ဆန် ၂ နှုန်း ထောက်ပံ့
ရန်ကုန်၊ အောက်တိုဘာ ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို LPDF တပ်ဖွဲ့များ စုပေါင်းကာ အိမ်ထောင်စု ၁၆၀ ကို အိမ်ထောင်စု တစ်စုလျှင် ဆန် ၂ ပြည်နှုန်း ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း နန်းတက်မင်း Local တော် လှန်ရေး အင်အာစု ဝက်လက်မြို့နယ်ထံမှ သိရသည်။
ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့တွင် နန်းတက်မင်း Local တော်လှန်ရေး အင်အားစု ၊ ကြောင် လက်သည်း Local PDF ၊ Dynamite – 2 Local PDF တို့ စုပေါင်းပြီး အကြမ်းဖက်စစ်တပ်က စစ် ကြောင်းထိုးကာ မန္တလေး- မြစ်ကြီးနား ရထားသံလမ်းပြုပြင်ဖောက်လုပ်မှုကြောင့် အိုးအိမ်စွန့်ကာ စစ်ဘေးရှောင်နေကြရသော ဝက်လက်မြို့နယ်၊ ဇီးဖြူကုန်း ကျေးရွာ၊ ညောင်စောက်ကျေး ရွာနှင့် ကန့်ဘဲ့ကျေးရွာတို့မှ အိမ်ထောင်စု ၁၆၀ ကို တစ်မိသားစုလျှင် ဆန် ၂ ပြည်နှုန်းဖြင့် ကူညီထောက်ပံ့ ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။