မင်္ဂလာဒုံရှိ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို ၁၀၇ မမရှော့တိုက်ဒုံး ၂ လုံး ဖြင့် ပစ်ခတ်တိုက်ခိုက်၊ စက်ရုံအတွင်းသို့ လူနာတင်ကား ၂ စီး ဝင်ရောက်သွားပြီး စစ်တပ်က ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေ
ရန်ကုန်၊ အောက်တိုဘာ ၁၂
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံး ဖြင့် ယနေ့ညပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ရာ စက်ရုံ အတွင်း သို့ ကျရောက်ပေါက်ကွဲပြီး လူနာတင်ကား ၂ စီး ဝင်ရောက်သွား ကြောင်း ဒေသ ပြည်သူများနှင့် စစ်ဆင်ရေးဆောင်ရွက်သူ Urban Special Operation (USO) မှ တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
အောက်တိုဘာ ၁၂ ရက်နေ့ ည ၇ နာရီ ၃ မိနစ်အချိန် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်၊ အမှတ် ၃ လမ်းမကြီးပေါ်ရှိ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံကို မြို့ပြ စစ်ဆင်ရေးအဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ စစ် ကောင်စီ ၏ စီးပွာရေး ဒေါက်တိုင်ဖြစ်ခြင်း၊ ပြည်သူများကို မတရားခြိမ်း ခြောက် ဘီယာ ရောင်းချနေခြင်းတို့ ကြောင့် တိုက်ခိုက်ခြင်းဖြစ်ကြောင်း Urban Special Operation (USO)မှ တာဝန်ရှိသူက ပြောဆိုသည်။
“Urban Special Operation (USO) ဆိုတာက စစ်ဆင်ရေးပါ။ ၁၀၇ မမ ရှော့ တိုက်ဒုံး ၂ လုံးနဲ့ မြန်မာဘီယာစက်ရုံကို ပစ်ခတ်ပါတယ်။ လူနာတင်ကား ၂ စီး ဝင်သွားတယ်။ အပျက်စီး အထိခိုက်များတယ်ပြောတယ်။ လူထိတယ် ပြော တယ် ။ စက်ရုံ ဝင်းထဲအထိရှော့တိုက်ဒုံး ၂ လုံး ကျသွားတယ် လို့သိရ ပါတယ်” ဟု Urban Special Operation (USO)မှ တာဝန်ရှိသူက ပြောဆိုသည်။
မင်္ဂလာဒုံဒေသပြည်သူများကလည်း ည ၇ နာရီဝန်းကျင်အချိန် ပေါက်ကွဲသံ ၂ ချက် အလွန်ကျယ်လောင်စွာ ကြားလိုက်ရကြောင်း ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ရန်ကုန်တွင် စစ်ရေး ပစ်မှတ်များကို ပစ်ခတ်ခဲ့သော ရှော့တိုက်ဒုံး တချို့။ (ပုံအဟောင်းဖြစ်ပါသည်။