20 C
Yangon

ကျိုက်မရော၊ ရေပူကောစပ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရ

Must read

ကျိုက်မရော၊ ရေပူကောစပ်ရွာကို စစ်တပ်က လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ရေပူကောစပ်ရွာထဲက်ု အောက်တိုဘာ ၁၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်ကလက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခြင်းကြောင့် ပြည်သူများ ကတုတ်ကျင်းထဲ ညလုံးပေါက် ပုန်းခိုနေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ချောင်းနှစ်ခွရွာတွင် အထိုင်ချ နေထိုင်နေခြင်းဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှ ညနေပိုင်းအထိ တော်လှန်ရေးဖွဲ့များနှင့် သံပရာရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ ညနေပိုင်းတွင် တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် ဆန့်ကျင်ဘက်နေရာြဖစ်သည့် ရေပူကောစပ်ရွာဘက်ကို အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ လက်နက်ကြီးကျတဲ့ နေရာဟာ ဆန့်ကျင်ဘက်နေရာပါ။ ဘာတိုက်ပွဲမှ မဖြစ်ဘဲ ကော့စပ်ရွာကို သက်သက်မဲ့ ပစ်ခတ်တာပါ။ မနေ့က ညနေက ဖြစ်တဲ့အတွက် လယ်ယာသိမ်းချိန်ဖြစ်သွားတော့ လူအထိအခိုက်တော့ မရှိသွားဘူး ထွန်စက် ၁ စီးတော့ အနည်းငယ်ထိခိုက်သွားတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ရေပူကောစပ်ရွာရှိ ပြည်သူများမှာ တစ်ညလုံး ကတုတ်ကျင်းများထဲတွင် ပုန်းခိုနေကြရကြောင်း၊ အကြမ်းဖက် စစ်တပ်က ချောင်းနှစ်ခွရွာတွင် အထိုင်ချ၍ မကြာခဏဆိုသလို ကျေးရွာများအတွင်းသို့ အကြောင်းမဲ့ပစ်ခတ်မှုများ ပြုလုပ်နေပြီး ရေပူကောစပ်ရွာအတွင်းကို လက်နက်ကြီး တိုက်ရိုက်ကျလာသည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ချောင်းနှစ်ခွာမှာ ညတိုင်းဒီကောင်တွေ အားအားရှိပစ်ခတ်နေတာတွေ လုပ်နေကြတာ ရွာသားတွေကတော့ ရိုးနေပြီပေါ့။ ခုတော့ ရွာထဲကျတာ ပထမဆုံးဖြစ်တော့ ကြောက်ကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article