20 C
Yangon

မြစ်ကြီးနားမြို့နယ်၊ ယင်နော့ကျေးရွာနှင့် ပန်ဆယ်ကားလမ်းတွင် မြေပြိုမှု ဖြစ် ပွား၍ ကားသမားတစ်ဦး တောင်မြေပိ သေဆုံး

Must read

မြစ်ကြီးနားမြို့နယ်၊ ယင်နော့ကျေးရွာနှင့် ပန်ဆယ်ကားလမ်းတွင် မြေပြိုမှု ဖြစ် ပွား၍ ကားသမားတစ်ဦး တောင်မြေပိ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ယင်နော့ကျေးရွာနှင့် ပန်ဆယ်ကားလမ်း တွင် မြေပြိုကျ၍ ကားသမား ၁ ဦး သေဆုံးသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အဆိုပါ ကားလမ်းတွင် အောက်တိုဘာ ၁၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် လမ်း ပေါ်တွင် မြေပြိုကျ၍ ကားများ ဖြတ်သန်းမရ ဖြစ်နေကြောင်း၊ လမ်းပြု ပြင်နေစဉ် ထပ်မံ မြေပြိုကာ ကားမောင်းသမားတစ်ဦး တောင်မြေပိ၍ သေဆုံး ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန သို့ပြောကြား သည်။

ထို့ပြင် မြစ်ကြီးနားမြို့၏ အရှေ့ဘက်ရှိ ဆဒုံးမြို့နား တရုတ်နိုင်ငံဘက် သွား သည့် ကားလမ်းအချို့တွင် မိုးရွာသွန်းမှုများ၍ တောင်ပြိုမှုဖြစ်ပွားနေကြောင်း သိရှိရသည်။

မြေပြိုမှု ဖြစ်ပွားသည့် အဆိုပါ ဒေသသည် လမ်းပန်းဆက်သွယ်ရေး အလွန် ခက်ခဲသည့် ဒေသဖြစ်ပြီး NDKA ထိန်းချုပ်ရာ ဒေသဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article