25 C
Yangon

စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် အဆုံး သတ်ပြီး ABSDF အနေဖြင့် NUG ၊ NUCC ၊ EROS ၊ PDF များနှင့်ပူးပေါင်း၍ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်

Must read

စစ်အာဏာသိမ်းမှုကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် NCA စာချုပ် အဆုံး သတ်ပြီး ABSDF အနေဖြင့် NUG ၊ NUCC ၊ EROS ၊ PDF များနှင့်ပူးပေါင်း၍ စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၃

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းလိုက်သဖြင့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာချုပ်တို့ ပျက်ပြယ်သွားပြီဖြစ်ပြီး ABSDF ကျောင်းသားတပ်မတော် အနေဖြင့် NUG ၊ NUCC ၊ EROS ၊ PDF တပ်များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို တော်လှန် တိုက်ခိုက်နေကြောင်း ABSDF မှ ပြောခွင့်ရ ရဲဘော်ဆန်နီက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

NCA စာချုပ် ပျက်ပြယ်ပြီဖြစ်ကြောင်း KNU ၊ ABSDF နှင့် CNF တို့က ယမန် နေ့တွင် တရားဝင် ကြေညာခဲ့ကြောင်း၊ အဆိုပါ ကြေညာချက်သည် NCA ပျက်ပြယ်ပြီဟု NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား EROs နှစ် ဖွဲ့နှင့်အတူ ABSDF က တရားဝင်ကြေညာမှုလည်းဖြစ်ကြောင်း၊ ABSDF တပ်ဖွဲ့အနေဖြင့် စစ်အာဏာရှင်စနစ်ကို မြောက်ပိုင်း၊ တောင်ပိုင်းအားလုံးတွင် မဟာ မိတ်များနှင့် စစ်အာဏာရှင်ကို ပူးပေါင်း၍ တိုက်ပွဲဝင်နေကြောင်း ရဲဘော်ဆန်နီက ဆိုသည်။

“ယေဘုယျ ခြုံပြီးတော့ ပြောရရင်တော့ ဒီနေ့စစ်ကောင်စီကို တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားတော် လှန်ရေးအဖွဲ့အစည်း အသီးသီးနဲ့ ကျနော်တို့လက်တွဲ တိုက်ပွဲ ဝင်နေတာရှိပါတယ်။ ဒီနေရာမှာ အပိုင်း ၃ ပိုင်းရှိမယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအရ ဆောင်ရွက်တဲ့အပိုင်းရှိမယ်။ သံတမန်ရေးအရ ဆောင်ရွက် တဲ့ အပိုင်းရှိမယ်။ စစ်ရေးအရဆောင်ရွက်တဲ့ အပိုင်းရှိမယ်၊ အပိုင်း ၃ ပိုင်စလုံးမှာပဲ ကျနော်တို့က သက်ဆိုင် ရာ အင်အားစု အားလုံးနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်နေပါတယ်။ နိုင်ငံရေးအရဆိုရင် ဒီကနေ့ NUCC မှာ ကျနော်တို့ ပါဝင်ဆောင်ရွက်နေတာရှိပါတယ်။ အဲလိုပဲ စစ်ရေးအရ ဆိုရင်လည်း ဒီနေ့ စစ်ကောင်စီကို တိုက်ပွဲ ဝင်နေတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင် ရွက်နေတာရှိသလို အခု လက်ရှိ ၂၀၂၁ နောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်ရေးကို ဆောင်ရွက်နေတဲ့ အင်အားစု အသီးသီးနဲ့ ကျနော်တို့က လက်တွဲပူးပေါင်းဆောင်ရွက်နေတယ်လို့ ယေဘုယျ ကျနော့်အနေနဲ့ပြောလိုပါတယ်” ဟု ရဲဘော် ဆန်နီက ရှင်းပြသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ABSDF က စစ်တပ်ကို ပြန်လည် တိုက်ခိုက်ရန် တပ်ရင်း ၁၄ ရင်း က ဆောင်ရွက်လျက်ရှိကြောင်း၊စစ်အာာသိမ်းမှုကြောင့် အစိုးရ၊ လွှတ်တော်များ ပျက်စီးကာ NCA စာချုပ်မှာလည်း တရားမဝင် စစ်အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားပြီဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ပျက်ပြယ်သွားပြီဖြစ်ကြောင်း ရဲဘော်ဆန်နီက ပြောဆိုသည်။

“၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက် စစ်တပ်က အာဏာသိမ်းတဲ့ အချိန်ကစပြီးတော့ စစ်တပ်ရဲ့ ဖောက်ဖျက်မှုကြောင့် ၊ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှုကြောင့် ဒီစာချုပ်ရဲ့အခန်းကဏ္ဍတွေ အကုန်လုံး က ပြီးဆုံးသွားပြီ။ ဘာကြောင့်လဲလို့ ပြောရရင် ဒီနေ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေကလည်း NCA စာချုပ်အကောင်အထည်ဖော်ဖို့ကို ရပ်ဆိုင်းတယ်၊ NCA ဟာ ဘာမှ ဆက် ပြီးတော့ အကောင်အထည်ဖော်လို့မရဘူး၊ ဆက်သွားလို့မရဘူး ၊ အဲဒါကို ဖျက်ဆီး ပစ်လိုက်တာ၊ ရပ်တန့်ပစ်လိုက်တာကလည်း ဒီစစ်တပ်ပဲဖြစ်ပါတယ်” ဟု ရဲဘော်ဆန်နီက ဆက်လက်ပြောဆိုသည်။

လက်ရှိတွင် ABSDF တပ်ဖွဲ့သည့် တော်လှန်ရေးအင်အားစုအားလုံးနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြန်မာ့နိုင်ငံတွင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချေမှုန်းရေး တိုက်ပွဲဝင်နေသည်ဟု ဆိုသည်။

“ကျနော်တို့အနေနဲ့က NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့သော်လည်းကောင်း၊ NUCC နဲ့သော် လည်းကောင်း၊ ဒီကနေနွေဦးတော်လှန်ရေးမှာပေါ်ထွန်းလာတဲ့ စစ်ကောင်စီကို နည်းလမ်းပေါင်းစုံနဲ့ တိုက်ပွဲဝင်နေကြတဲ့ အင်အားစုအားလုံးနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်နေပါတယ်၊ အဓိကရည်မှန်းချက် ကတော့ ဒီစစ်အာဏာရှင်စနစ် ကျဆုံးရေး၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေး နဲ့အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုမှာ ဒီမိုကရေစီ နဲ့ဖက်ဒရယ်ကိုအခြေခံတဲ့ ပြည်ထောင်စုတစ်ရပ်ပေါ်ထွန်းလာဖို့ အတွက်ကို ကျနော်တို့အားလုံးနဲ့လက်တွဲဆောင်ရွက်နေတယ်။ ဒီနေ့ ပြည်သူလူထုရဲ့ ရုန်းကန်လှုပ်ရှားမှုဟာ မြန်မာ့သမိုင်းမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ နေရာမှာ အမြင့်ဆုံးရုန်းကန်လှုပ်ရှားမှုဖြစ်ပါတယ်။ ပြည်သူလူထုတစ်ရပ်လုံးလိုလားနေတဲ့ စစ်အာဏာ ရှင် စနစ် မမြစ်ပြတ်ချေမှုန်းရေးတိုက်မှာ ပြည်သူလူထုတစ်ရပ်လုံးက ရုန်းကန်လှုပ်ရှားနေတယ်၊ နောက်တစ်ခုက ABSDF က ၁၉၈၈ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက စစ်အာဏာ ရှင် စနစ်ကို တိုက်ပွဲဝင်ဖို့အတွက် ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဦး တည်ချက် တစ်ရပ်ဖြစ်တဲ့ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ရေး ဆိုတာ ကျနော်တို့ရဲ့ ဦးတည်ချက် တစ်ရပ်လည်းဖြစ်ပါတယ်၊ အဲဒီအတွက် ဒီနေ့စစ်အာဏာရှင် အမြစ် ပြတ်ချေမှုန်းရေးကို ရုန်းကန်တိုက်ပွဲဝင်နေတဲ့ အင်အားစုတွေ၊ ပြည်သူလူထုတစ်ရပ်လုံးနှင့်အတူ ABSDF အနေနဲ့လည်း တိုက်ပွဲဝင်သွားမယ်” ဟု ရဲဘော်ဆန်နီက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article