ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့တံတားထိပ်ရှိ စစ်တပ်ကင်းပုန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့တံတားထိပ်၌ ကင်းပုန်းဝပ်နေသော အကြမ်းဖက် စစ်သားများကို မောင်းသူမဲ့ လေယာဉ်ငယ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့လအောက်တိုဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကော့ကရိတ်မြို့နယ်၊ ကော့နွဲ့တံတားထိပ်၌ ကင်းပုန်း ဝပ်နေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို မောင်းသူမဲ့ လေယာဉ်ငယ် Fixed Wings နှင့် Multirotor အဖွဲ့သားများ ပူးပေါင်းကာ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦးသေဆုံးခဲ့ပြီး သေဆုံးသွားသော ရုပ်အလောင်းများကို ယူဆောင်ကာ ထွက်ပြေးသွားကြောင်း သိရသည်။
“မနက်ခင်းတစ်ချိန်လုံး ဗုံးချခဲ့တာ၊ ဗုံးအလုံးရေတော့ မပြောတတ်ဘူး၊ စစ်ခွေးတွေကလည်း အင်အား များတယ်၊ ဗုံးချပြီးတော့ သေသွားတဲ့ စစ်ခွေးတွေရော၊ ကင်းစခန်းမှာရှိတဲ့ ပစ္စည်းတွေရော အကုန်ထုတ် ယူသွားပြီးတော့ ဆုတ်ပြေးသွားတာ၊ အဲဒီနေရာမှာ ဘာမှ မကျန်ခဲ့တော့ဘူး၊ ကျနော်တို့ဘက်က ရဲဘော် တွေအားလုံး ဘေးကင်းပါတယ်” Kloud တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြား သည်။
အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာဖြင့် Kloud ၊ Angry Bird Drone Ranger ၊ Power Of Ababil (POA)နှင့် multirotor တပ်ဖွဲ့များမှ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
KLOUD တပ်ဖွဲ့အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တာရားများကို ဆက်လက် တိုက် ခိုက်ကာ ရိုက်ချိုးသွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်အကြမ်းဖက် စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တာရားများ ဖြစ်သော ရုံးများ၊ ရဲစခန်းများ ၊ ဂိတ်များ၊ တပ်စွဲထားသည့် နေရာများနှင့် ဝေးဝေးရှောင် ရှားနေထိုင်ပေးကြပါရန် အသိပေး မေတ္တာရပ်ခံထားသည်။