25 C
Yangon

မန္တလေး ရဲအရာရှိ အတတ်သင်ကျောင်းမှ ရဲသင်တန်းသား ၃၄၈ ဦး ဇီးပင်ကြီးကျောင်းတွင် သေနတ်ပစ် စစ်သင်တန်းတက်ရန် ခရီးသည်တင် Express ကား ၈ စီးကို ချောဆွဲ

Must read

မန္တလေး ရဲအရာရှိ အတတ်သင်ကျောင်းမှ ရဲသင်တန်းသား ၃၄၈ ဦး ဇီးပင်ကြီးကျောင်းတွင် သေနတ်ပစ် စစ်သင်တန်းတက်ရန် ခရီးသည်တင် Express ကား ၈ စီးကို ချောဆွဲ

■ လမ်းခရီး မိုင်းဆွဲခံရမည်စိုးရိမ်၍ စစ်ကား၊ ဖောကားဖြင့် မသွားဘဲ ခရီးသည်တင်ကားများဖြင့် ပုံဖျက်သွားလာ

ရန်ကုန်၊ အောက်တိုဘာ ၁၃

မန္တလေးမြို့ရှိ ရဲအရာရှိ အတတ်သင်ကျောင်းမှ သင်တန်းသား ၃၄၈ ဦးသည် နိုဝင်ဘာလ ၂ ရက်နေ့ ဇီးပင်ကြီးရဲအရာရှိသင်တန်းကျောင်းတွင် သေနတ်ပစ် သွားရောက် လေ့ကျင့်ရန် မထသထံမှခရီးသည်တင် Express ကား ၈ စီးကို ချောဆွဲ ငှားရမ်းနေကြောင်း ရဲသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

လာမည့် နိုဝင်ဘာလ ၂ ရက်နေ့တွင် ရဲအရာရှိ အတတ်သင်ကျောင်းတွင် ဖွင့်လှစ်လျက်ရှိသော အမှုစစ် အရာရှိ (အထူး) သင်တန်းမှ သင်တန်းသား ၅၀ ဦး၊ အမှုစစ် အရာရှိ သင်တန်းမှ သင်တန်းသား ၂၉၈ ဦး၊ စုစုပေါင်း သင်တန်းသား ၃၄၈ ဦးသည် ရဲအရာရှိလေ့ကျင့်ရေးကျောင်း (ဇီးပင်ကြီး) စက်ပစ်ကွင်းတွင် သွားရောက် ပစ်ခတ်လေ့ကျင့်ရန် လူ ၄၉ ဦး လိုက်ပါနိုင်သော ခရီးသည်တင် Express ကား ၈ စီးဖြင့် သွားရောက်မည် ဖြစ်ကြောင်း သိရသည်။

” ရဲအရာရှိ အတတ်သင်ကျောင်းက သင်တန်းသားတွေ သေနတ်ပစ် လေ့ကျင့်ဖို့ Express ကား ၈ စီးကို စျေးဆစ်ပြီး လိုက်ငှားနေတယ်။ တကယ်တော့ ချောဆွဲတာပေါ့။ သူတို့ငှားရတာ ပိုလွယ်ကူအောင် မန္တလေးတိုင်း အစိုးရအဖွဲ့ရုံးကို စာပို့ပြီး စျေးဆစ် ငှားရမ်းနိုင်ဖို့ ညွှန်ကြားပေးဖို့တောင် စာပို့ထားတယ်” ဟု ရဲသတင်းရင်းမြစ်များက ပြောဆိုသည်။

ရဲအရာရှိ လေ့ကျင့်ရေးကျောင်း ဇီးပင်ကြီး စက်ပစ်ကွင်းကို သွားရောက်ရာတွင် သင်တန်းသား ၃၄၈ ဦး အပြင် သန္ဓေတပ်ဖွဲ့ဝင် ၄၀ ဦးလည်း လိုက်ပါမည်ဖြစ်ပြီး စုစုပေါင်း ၃၈၈ ဦးတို့ သွားရောက်မည်ဖြစ်ကြောင်း သိရှိရသည်။

ရဲသတင်းရင်းမြစ်များ၏ အဆိုအရ လမ်းခရီးတွင် စစ်ကား၊ ဖောကားများဖြင့် သွားလာပါက မိုင်းဆွဲခံရမည်စိုးရိမ်သဖြင့် ခရီးသည်တင်ကားများကို ချောဆွဲ ပုံဖျက် သွားလာခြင်းဖြစ်ကြောင်း၊ မန္တလေးမှ ဇီးပင်ကြီးသွားမည့် လမ်းတလျှောက်တွင်လည်း မိုင်းဆွဲခံရမည်ကို ရဲများက အလွန်စိုးရိမ်နေကြကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

“စစ်ကား ဖောကားတွေနဲ့ သွားရင် မိုင်းဆွဲခံရတာများလွန်းလို့ ခရီးသည်တင် ကားနဲ့ သွားဖို့လုပ်တာပါ။ ချောဆွဲတာပေါ့။ ခရီးသည်တင်ကားကို မိုင်းဆွဲခံရရင်လည်း ပြည်သူတွေ မိုင်းဆွဲခံရပါတယ်ဆိုပြီး ပုံဖျက်လို့လည်းရတယ်လေ။ အဲဒါကြောင့် အခုနောက်ပိုင်း စစ်ကြောင်းတွေ ရွှေ့ရင်၊ ရဲတွေသွားရင် ခရီးသည်တင် ကားတွေနဲ့ပဲ သွားလာပါတယ်” ဟု မန္တလေးတိုင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article