25 C
Yangon

ပဲခူးမြို့ရေဘေး ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင် နေသော ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းရေး တက်ကြွလှုပ်ရှားသူ ဦးစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်းအပါအဝင် စေတနာ့ဝန်ထမ်း လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးထား

Must read

ပဲခူးမြို့ရေဘေး ကူညီရေးနှင့် ကယ်ဆယ်ရေး လုပ်ဆောင် နေသော ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းရေး တက်ကြွလှုပ်ရှားသူ ဦးစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်းအပါအဝင် စေတနာ့ဝန်ထမ်း လူငယ်တချို့ကို စစ်တပ်က ဖမ်းဆီးထား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ပဲခူးမြို့ရေဘေးအတွင်း အကူအညီပေးရေး လုပ်ငန်းများ ဆောင်ရွက်နေသော ငြိမ်းချမ်းရေးနှင့် လူမှုပေါင်းစည်းရေးလုပ်ငန်းများ လုပ်ဆောင်လျှက်ရှိသည့် ဦးစောနိုင်ဦး၊ ကိုဇင်ကို၀င်းတို့နှင့်အတူ စေတနာ့၀န်ထမ်းလူငယ်အချို့ကို စစ်တပ်က ဖမ်းဆီးထားကြောင်း သိရှိရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် ပဲခူးမြို့ရေဘေးအတွက် ကူညီရေး ပြင်ဆင် ဆောင်ရွက်နေစဉ် ရန်ကုန်မြို့တွင်း တစ်နေရာတွင် အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၊ ယခုအချိန်ထိ ၄င်းတို့နှင့် အဆက်အသွယ် ပြတ်တောက်လျှက်ရှိကြောင်း၊ လက်ရှိတွင် နိုင်ငံတကာသံရုံးများနှင့် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများကို အကြောင်းကြားထားပြီးဖြစ်ကြောင်း သိရှိရသည်။

ဦးစောနိုင်ဦးသည် ငြိမ်းချမ်းရေးနှင့် လူနည်းစုအခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ယုံကြည်စွာ လုပ်ကိုင်လျှက်ရှိသည့် လူသိများသည့် ငြိမ်းချမ်းရေးသမားတစ်ဦးဖြစ်ပြီး ပြင်းထန်သည့် ဆီးချိုရောဂါကြောင့် မကြာခန ဆေးရုံတက် ဆေးကုသ နေရသည့်သူ တစ်ဦးလည်းဖြစ်ကြောင်း၊ ကိုဇင်ကို၀င်းသည် ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဦးဆောင် ပါ၀င်ခဲ့သည့် တက်ကြွသည့် မျိုးဆက်သစ်လူငယ်တစ်ဦးလည်းဖြစ်ကြောင်း သိရှိရသည်။

စစ်တပ်က ဖမ်းဆီးသွားသော ဦးစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်းတို့၏ ကျန်းမာရေးနှင့် လုံခြုံရေးတို့အပေါ် အထူးပင် စိုးရိမ်မကင်း ဖြစ်ရကြောင်း၊ မတရားဖမ်းဆီးခံထားရသည့် ၄င်းတို့၏ ကျန်းမာရေး၊ လုံခြုံရေးတို့ နှင့် ပတ်သက်ပြီး စစ်ကောင်စီက တာ၀န်ယူရမည်ဖြစ်ကြောင်း လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများက ဆိုကြသည်။

ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့်လည်း ဦးစောနိုင်ဦးနှင့် ကိုဇင်ကိုဝင်း အပါအဝင် မတရားဖမ်းဆီးခံထားရသူများ အမြန်ဆုံး လွတ်မြောက်နိုင်စေရေးအတွက် အကြမ်းဖက်စစ်ကောင်စီကို နည်းလမ်းမျိုးစုံဖြင့် ဖိအားပေး အရေးယူပေးရန် လူ့အခွင့်အရေးနှင့် ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူများက တောင်းဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article