27 C
Yangon

မိုးကုတ်နှင့်ကွက်ခိုင်တွင် စစ်တပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသောကြောင့် တစ်ရက်တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွား

Must read

မိုးကုတ်နှင့်ကွက်ခိုင်တွင် စစ်တပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသောကြောင့် တစ်ရက်တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၄

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်နှင့် ရှမ်းပြည်နယ်၊ ကွက်ခိုင်မြို့နယ် တို့တွင် အကြမ်းဖက် စစ်တပ်က အင်အားဖြည့်တင်းပြီး ထိုးစစ်ဆင်လာသောကြောင့် တစ်ရက်တည်း တိုက်ပွဲ ၅ နေရာဖြစ်ပွားခဲ့ကြောင်း TNLA သတင်းနှင့်ပြန် ကြားရေးဌာနထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် ကွတ်ခိုင်မြို့နယ်ကို အကြမ်းဖက် စစ်တပ်၏ စကခ ၁၇ ၊ ခမရ ၅၇၇ မှ စစ်သားများ လိုက်ပါလာသော စစ်ကား ၂၄ စီးဖြင့် အင်အားဖြည့်တင်းရန် လာရောက်စဥ် တအာင်းတပ် မတော် -TNLA က ရူခင်းသာဘက် ၌ ၁ ကြိမ်၊ နမ့်ကတ်ကျေးရွာဘက်၌ ၁ ကြိမ်၊ လိုင်ရွှေကျေးရွာဘက်၌ ၁ ကြိမ် ခုခံတိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အလားတူ မိုးကုတ်မြို့နယ်တွင်လည်း အောက်တိုဘာလ ၁၃ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့် တွင် မိုးကုတ်မြို့နယ်၊ အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာ အကြားကို ထိုးစစ်ဆင်လာသော အကြမ်းဖက် စစ်တပ်၏ ခလရ-၄၄ ၊ ၈၈ ၊ ၁၀၂ ၊ ၁၀၄ မှ စစ်သားများကို တအာင်းတပ်မတော် – TNLA တပ်ဖွဲ့က ခုခံတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က အထက်ညောင်ကုန်းနှင့် အောက်ညောင်ကုန်းကျေးရွာ အကြားကို လက်နက်ကြီး အလုံးရေ ၂၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇူလိုင်လမှ အောက်တိုဘာလ ၁၃ ရက်နေ့ထိ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် တို့ ကြား တိုက်ပွဲ ၇၅ ကြိမ်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ် လက်နက်ကြီး အခြေစိုက်စခန်းများဖြစ်သည့် လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိနီတပ်စခန်း၊ နမ့်ဖက်ကာ ၁၂၃ တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့မှ တအာင်းတပ်မတော်တည်ရှိရာသို့ နေ့စုဉ် တစ်ဖက်သတ်လက်နက်ကြီး အကြိမ်ရေ ၄၀၀ ကျော် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article