31 C
Yangon

ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

Must read

ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၁၂ အရွယ် ကလေးငယ် ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူ – ဒူးပလာယာ ခရိုင်က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် ကော့ကရိတ်မြို့နယ်၊ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ စကခ ၁၂ လက်အောက်ခံ အမြှောက်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ကော့ကရိတ်မြို့ အမှတ် ၂ ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) ဝင်းကြီးအနီး ကျရောက်ပေါက်ကွဲခဲ့​​ကာ စာမေးပွဲ ဖြေဆိုပြီး နေအိမ်ကို ပြန်လာသည့် အသက် ၁၂ နှစ် ကလေးငယ် ၁ ဦး လက်နက်ကြီးကျည် ထိမှန်သေဆုံးကာ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည် ထိမှန်ကာ သေဆုံးခဲ့သော အသက် ၁၂ နှစ်အရွယ် ကလေးငယ်သည် (Grade -4) တက်ရောက်နေသော နော်မိုးမိုးအေး ဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ကျည်စ ထိမှန် ဒဏ်ရာများဖြင့် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ရေလယ်မြိုင်အုပ်စု နန်းကော်တိုးကျေးရွာမှ (Grade -1) တက်ရောက်နေသည့် အသက် ၆ နှစ်အရွယ် နော်ဝေဝေနှင်း သည် လည်ပင်း၊ ခြေထောက် နှင့် လက်တို့တွင် ကျည်စထိမှန်ခဲ့ကြောင်း ၊ (Grade -4) တက်ရောက်နေသည့် အသက် ၁၂ အရွယ် နော်ခုခုဖော မှာလည်း ခြေသလုံးတွင် ကျည်စ ထိမှန်ခဲ့ကြောင်း၊ (Grade -9) တက်ရောက်နေသည့် အသက် ၁၆ နှစ်အရွယ် နော်ဆုယဥ်အေး သည်လည်း ပေါင်နှစ်ဖက်တွင် ကျည်စ ထိမှန် ဒဏ်ရာများ ရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ဒူးပလာယာခရိုင် အတွင်း ဝင်ရောက် လှုပ်ရှားနေသော အကြမ်းဖက် စစ်တပ်က ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး ညှင်းပန်းနှိပ်စက်ခြင်း၊ ပြည်သူနေအိမ်များကို ဝင်ရောက် မွှေနှောက် ဖျက်ဆီးကာ ပစ္စည်းများကို ယူဆောင်သွားခြင်းနှင့် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ သော်လည်းကောင်း၊ ရမ်းသမ်း ပစ်ခတ်ခြင်း သော်လည်းကောင်း စသည့် Geneva Convention နှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှု (War Crime) များကို နေ့စဥ်နှင့် အမျှ ကျူးလွန်လျက် ရှိကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article