ရွှေဘို-မန္တလေး လမ်းပိုင်းတွင် စစ်တပ် ခြေလျင်စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၆ ဦးထက် မနည်းသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၁၅
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရွှေဘို-မန္တလေးလမ်းမကြီးပေါ်တွင် အကြမ်းဖက်စစ်တပ် ခြေလျင် စစ်ကြောင်းကို အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးထက်မနည်းသေဆုံး ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၁၄ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ရွှေဘိုမြို့တောင်ဘက် ရွှေဘို-မန္တလေး လမ်းမကြီးအတိုင်း ခြေလျင်စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဇီး တောကျေးရွာထိပ်အရောက် ရှေ့ထွက်မိုင်း ၂ ပွိုင့်ဖြင့် လည်းကောင်း ၊ ဘုန်းဘွဲ့ ကျေးရွာဘက်ကို ဆက်လက် ထွက်ခွာလာစဥ် ညနေ ၂ နာရီ မိနစ် ၃၀ တွင် ပဒေသာ မိုင်း ၂ ပွိုင့်ဖြင့် လည်းကောင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၆ ဦးသေဆုံးခဲ့ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို တင်ဆောင်ရန် ရွှေဘိုမြို့မှ ထွက်ခွာလာသည့် သံပြားကာ ကားတစ်စီးကို ညနေ ၃ နာရီမိနစ် ၂၀ အချိန်၌ ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် ခြေလျင်စစ်ကြောင်းသည် ဘုန်းဘွဲ့ကျေးရွာ၌ ညအိပ်တပ်စွဲခဲ့ပြီး ယနေ့ အောက်တို ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်ခန့်တွင် စိုင်နိုင်လေး ကျေးရွာဘက်ကို ဆက်လက် ထွက်ခွာလာစဥ် ၆ နာရီခွဲခန့်၌ ရှေ့ထွက်မိုင်း ၁ ပွိုင့်၊ ၆ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၀ မိနစ် အကြား၌ ရှေ့ထွက်မိုင်း ၉ ပွိုင့် ဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် စိုင်နိုင်လေးကျေးရွာဘက်မှ စိုင်ကြီး ကျေးရွာဘက်သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် နံနက် ၈ နာရီ မိနစ် ၂၀ မှ ၁၀ နာရီ ၁၅ မိနစ်အထိ ရှေ့ထွက်မိုင်း ၁၅ ပွိုင့်ဖြင့် ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးခန့်ထိခိုက်ဒဏ်ရာရရှိကာ သေဆုံးမှု အရေအတွက်ကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကို သိဒ္ဓိရှင်တိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ရွှေဘိုခရိုင်တပ်ရင်း ၁ ၊ ဝက် လက် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ)၊ အောင်ဘော် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယူကရိန်း ဂျစ်ကား ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါင်းတမာန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ နဂါးမင်း ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၊ ဒေါင်းစစ်သည် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေတြိဂံ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘို ခရိုင် တပ်ရင်း ၂၃ -တပ်ခွဲ ၁ ၊ ဒေါင်းညီကို (LPDF)၊ Buffalo Soldiers (LPDF)၊ တောကျီးကန်း ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Super Light ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ မဟူရာကျွဲရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မဟူရာဆင်ရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဇာမဏီသွေး ပြည် သူ့ ကာကွယ်ရေးအဖွဲ့၊ အမိမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၊ ဒေါန ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။