26 C
Yangon

ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျည်စုကျေးရွာအနီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦး ဒဏ်ရာရ

Must read

ဒဂုံမြို့သစ်တောင်ပိုင်း၊ ကျည်စုကျေးရွာအနီး စစ်ဆေးရေး လုပ်ဆောင်နေသော စစ်သားများကို ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်မှု ၄ ဦး ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျည်စုကျေးရွာအနီးရှိ လှော်ကားလမ်းပိုင်းတွင် စစ်ဆေးရေး လုပ်ဆောင်နေသော အကြမ်းဖက် စစ်သားများကို ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြ ကျီးကန်း(Crow Squad) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်က ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ကျည်စု ရွာအဝင်အနီး လှော်ကားလမ်းပိုင်းတွင် ခရီးသွား ပြည်သူများကို စစ်ဆေးဖမ်းဆီးရေး လုပ်ဆောင်နေသော အကြမ်းဖက်စစ်သားများကို နွေဦးမုန်တိုင်း စစ်ဆင်ရေးအဖြစ် ဆိုင်ကယ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးကို KMD 18 – မြိုပြကျီးကန်း (Crow Squad) က “နွေဦးမုန်တိုင်း” စစ်ဆင်ရေး အနေ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သော မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားလုံး ဘေးကင်းရာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ရန်ကုန်မြို့ကို လုံးဝအုပ်ချုပ်ခွင့် မရရှိစေရန် ပြင်းထန်စွာ တိုက်ခိုက် သွားမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့်လည်း တော်လှန်ရေးကို ပူးပေါင်းကူညီသော အားဖြင့် အကြမ်းဖက် စစ်တပ် တပ်စခန်း အနီးအနားများ၊ ဘန်ကာများ၊ ကင်းပတ်ကားများ နှင့် ဝေးဝေးရှောင်ကွင်း နေထိုင်သွားလာပေးကြရန် မေတ္တာရပ်ကြောင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article