လက်ပံတောင်းတောင်ဒေသတွင် စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြ
ရန်ကုန်၊ အောက်တိုဘာ ၁၅
လက်ပံတောင်းတောင်ဒေသတွင် ပြည်သူများက “ မုန်လိုင်ခက် ” နှင့် အတူတည်ရှိကြောင်း၊ စစ်အာဏာရှင်ကို ဆန့်ကျင် ကြောင်း ဆန္ဒပြချီတက်ခဲ့ကြသည်။
လက်ပံတောင်းဒေသကပြည်သူများက “ မုန်လိုင်ခက်နဲ့အတူ ရပ်တည်ကြ၊ ဖက်ဆစ်တပ်ကို အမြစ်ဖြတ်ကြ ” ကြွေးကြော်ကာ ညနေဆည်းဆာသပိတ် ထွက်ရှိခဲ့ကြခြင်း ဖြစ်သည်။