32 C
Yangon

ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပုလောတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ကြဲရွာရှိ လူနာတင်ယာဥ် ၂ စီးကို မီးရှို့ဖျက်ဆီး

Must read

ကော့ကရိတ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရ၊ ပုလောတွင် စစ်ကြောင်းထိုးနေသော စစ်တပ်က ကြဲရွာရှိ လူနာတင်ယာဥ် ၂ စီးကို မီးရှို့ဖျက်ဆီး

ရန်ကုန် ၊ အောက်တိုဘာ ၁၆

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU က ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကော့ကရိတ်မြို့ အခြေစိုက် အကြမ်းဖက် စစ်တပ်၏ လှိုင်ဝ အမြှောက်တပ် အမတ-၃၁၃ က ကော့ကရိတ်မြို့နယ်ရှိ ကျောက်စရစ်ကုန်း၊ ဆင်ကုန်းကို နှင့် တတန်ကူးရွာ တို့ကိုလည်း လက်နက်ကြီး ၈ လုံး ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် ကော့ကရိတ်မြို့နယ် တတန်ကူးကျေးရွာနေ အသက် ၅၃ နှစ်အရွယ်ရှိ ဦးထွန်းအေး၏ ညာဘက်ပေါင်ရင်း ကျည်စ ထိမှန်ခဲ့ပြီး တတန်ကူး ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ရှိ နော်မကလယ်၏ နေအိမ်ကို ထိမှန်ကာ ခေါင်မိုး နှင့် နံရံတို့ပျက်စီးခဲ့ကြောင်း၊ တတန်ကူးကျေးရွာနေ အသက် ၅၅ နှစ် အရွယ်ရှိ စောဖားကော်လာ၏ နွားသိုး ၂ ကောင်လည်း ကျည်စ ထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ထဲရှိ ကြဲကျေးရွာ၏ ဘုန်းကြီးကျောင်းတွင် ထားရှိသည့် အရေးပေါ်လူနာတင်ယာဥ် ၂ စီးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းတွင် ကြဲကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ ဒေသပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စစ်တပ် ဝင်ရောက်ပြီး မကြာခင်တွင် ရွာထဲမှ မီးခိုးများ တက်လာသည်ကို အဝေးမှ မြင်တွေ့ခဲ့ရပြီး နောက်တစ်နေ့နံနက်ပိုင်းတွင် ရွာဘုန်းကြီးကျောင်းရှိ လူနာတင်ယာဉ် ၂ စီးမီးရှို့ခံထားရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ကြဲရွာရော၊ စက်တော်ရာရွာမှာရော အိမ်တွေမီးရှို့ခံထားရတယ်တဲ့။ လူတွေလည်း လွတ်ရာပြေးနေရတာနဲ့ဘာမှကိုမသိရသေးဘူး။ ကိုယ့်ဒေသမှာဖြစ်ပျက်နေတာ မသိရတာလောက် ရင်နာစရာကောင်းတာမရှိဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာ ၁၁ ရက်နေ့မှ စ၍ ထမင်းမစားကျေးရွာအုပ်စုနှင့် ကြဲကျေးရွာအုပ်စုတို့ကို စစ်ကြောင်းထိုးခြင်းဖြစ်ကာ လမ်းတလျှောက်တွေ့သည့် ပြည်သူ ၂၀ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ၊ ဖမ်းဆီးခံရသူများ၏ ဖုန်းများကို သိမ်းဆည်း၍ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article