26 C
Yangon

Breaking News – ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၊ ကံဆီးကျေးရွာ စစ်တပ်ဗျူဟာကုန်းကလည်း လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေ

Must read

Breaking News – ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်၊ ကံဆီးကျေးရွာ စစ်တပ်ဗျူဟာကုန်းကလည်း လက်နက်ကြီးများ တောက်လျှောက်ဆိုသလို ပစ်ခတ်နေ

■ အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်တွင် တိုက်လေယာဉ်ဖြင့် ထပ်မံဗုံးကျဲသဖြင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများရှိနေ

ရန်ကုန်၊ အောက်တိုဘာ ၁၆

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါစျေးနှင့်ကျေးရွာများကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန် ဖားကန့်မြို့နယ်၊ တပ်မဟာ ၉ နှင့် အနန့်ပါကျေးရွာနှင့်စျေးပတ်ဝန်းကျင်ကို စစ်တပ်က တိုက် လေယာဉ် ၃ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနောက် ဖားကန့်မြို့နယ် ကံဆီးကျေးရွာအနီးတွင် အထိုင်ချထားသော စစ်တပ်ဗျူဟာကလည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်နေကြောင်း၊ ယနေ့ အနန့်ပါစျေးနှင့်ကျေးရွာိကု ဗုံးကျဲတိုက်ခိုက်ချိန်သည် ယခင်နှစ် ပြည်သူ ၁၀၀ နီးပါး သေဆုံးခဲ့သော အနန့်ပါ လေကြောင်းတိုက်ခိုက်မှု ၁ နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုက်နေပြီး စစ်တပ်က တမင်တကာ ဗုံးကျဲတိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ဆိုသည်။

“လေယာဉ်နဲ့ ဗုံးကျဲတာက ၄ လုံးကျဲချသွားတယ်။ အခု ကံဆီးဗျူဟာကုန်းကနေ ဟောင်ဇာ လက်နက်ကြီးကျည်တွေ တောက်လျှောက်ပစ်နေတယ်။ အခု ထိခိုက်သေဆုံးမှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ တက်လာပေမယ့် အတိအကျ မသိရသေးဘူး။ ကံဆီးဗျူဟာကနေ ပစ်နေတာက လက်နက်ကြီးကျည် ၉ လုံး လောက်ရှိနေပြီ။ အဲဒီဘက်က အင်တာနက် ဖြတ်တောက်ခံထားရတဲ့နေရာ” ဟု KIA သတင်းရင်းမြစ်က ဆိုသည်။

ဖားကန့်မြို့နယ်အတွင်းတွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီး အမြှောက်ဖြင့် ပစ်ခတ်မှုများကို ယခုရက်ပိုင်းအတွင်း တောက်လျှောက်ဆိုသလို လုပ်ဆောင်လာကြောင်း KIA သတင်းရင်းမြစ်နှင့် ဒေသ ပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article