23 C
Yangon

ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၇

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ထိန်ကန်ရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမျိုးဆက် (PGZ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် ရွှေဘိုမြို့ လေ့ကျင့်ရေး ၈ မှ ထွက်လာသော အင်အား ၇၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဝက်လက်မြို့နယ် အနောက်ခြမ်း ထိန်ကန်ရွာ၌ တပ်စွဲထားစဥ် တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

” စစ်ခွေးတွေ အကျဆုံးတော့များတယ်။ အရေအတွက် အတိအကျတော့ မသိရသေးဘူး။ စစ်ဆင်ရေးတွေ အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ပြည်သူတွေ အနေနဲ့ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြဖို့ ပြောချင်ပါတယ်” ဟု ဒေါင်းမျိုးဆက် (PGZ) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေးသတင်း အဖြစ် ဒေါင်းမျိုးဆက် (PGZ) နှင့် ဗိုလ်ချုပ် (ဝက်လက်) မဟာမိတ်အဖွဲ့များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article