32 C
Yangon

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများ တင်ဆောင်လာသည့် စစ်ကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်

Must read

သရက်ချောင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၁ ဦးသေဆုံး၊ စစ်သား အလောင်းများ တင်ဆောင်လာသည့် စစ်ကားကိုလည်း မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦးသေဆုံးခဲ့ကြောင်း ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၇ နာရီ ၁၃ မိနစ်ခန့်တွင် သရက်ချောင်းမြို့နယ်၊ ကတွဲကျေးရွာမှ ထွက်ခွာလာသည့် အင်အား ၅၃ ဦး ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ရငဲကျေးရွာနှင့် ကတွဲကျေးရွာ ရွာချင်းဆက်လမ်းပေါ်တွင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ထားဝယ်ခရိုင်အမှတ် ၂ တပ်ရင်း(T5-Zone)က မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မိနစ် ၃၀ ခန့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၁ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရှိကာ PDF ရဲဘော်များ အထိခိုက်ကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ် ၂ တပ်ရင်း (T5-Zone) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ပွဲ၌ သေဆုံးသွားသော စစ်သား ရုပ်အလောင်းများနှင့် ဒဏ်ရာရသူများကို လာရောက်သယ်ယူသော စစ်ကား ၁ စီးကို ပုတီးတစ်လုံး ပြောက်ကျားတပ်ဖွဲ့က ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သားများ တိုက်ခိုက်မှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရငဲကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၃ လုံးကို မီးရှို့ ဖျက်ဆီးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article