29 C
Yangon

ရေစကြိုမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

Must read

ရေစကြိုမြို့နယ်တွင် ပြည်သူပိုင်ပစ္စည်းများကို ခိုးယူနေသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု ၅ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာလ ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ညောင်စောက်ကျေးရွာနှင့် မဲကုန်းကျေးရွာအ ကြား ပြည်သူပိုင်ပစ္စည်း များ ကို ခိုးယူပြီး နွားလှည်းဖြင့် သယ်လာသော အကြမ်း ဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၅ ဦး သေ ဆုံးခဲ့ကြောင်း ရေစကြိုပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်တင်းဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ အောက်တိုဘာလ ၁၇ ရက်နေ့ ညနေ ၃ နာရီခွဲခန့်အချိန် ရေစကြိုမြို့နယ်၊ ညောင်စောက် ကျေးရွာမှ ပြည်သူပိုင်ပစ္စည်များကို ခိုးယူကာ နွားလှည်းတစ်စီးဖြင့် တင်ဆောင်လာသော အင်အား ၇ ဦးပါ စစ်ကြောင်း မဲကုန်းကျေးရွာဘက်သို့ ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် ခြေလျင်လျှောက်နေသည့် စစ်သား ၅ ဦးမှာ မိုင်းမိ လဲကျသေဆုံးခဲ့ကြောင်း၊ လှည်းပေါ်ပါ အကြမ်းဖက်စစ်သား ၂ ဦးသာ လှည်းမောင်းထွက်ပြေးနိုင်ခဲ့ကြောင်း သိရသည်။

“ရေလယ်ကျွန်းကို စစ်ကြောင်းထိုးပြီး ပြန်လာတဲ့စစ်ကြောင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းကို ကူးလာပြီးတော့ အပြန်လမ်းကြောင်းမှာရှိတဲ့ ရွာတွေက ပစ္စည်းတွေခိုးပြီးတော့ နွားလှည်းတွေနဲ့ သယ် နေကြတာ၊ မိုင်းဆွဲလိုက်တဲ့ ၇ ဦးထဲက ၂ ဦးပဲ နွားလှည်းမောင်းပြီးထွက်ပြေးနိုင်တယ်၊ ၅ ဦးကတော့ ထ ကိုမထနိုင်တော့ဘူး၊ လဲကျနေတာ၊ ခဏနေတော့ လက်နက်ကြီးတွေ တောက်လျှောက်ပစ်ပြီး လာ သယ် သွားတယ်၊ လက်နက်ကြီးနဲ့ပစ်တာက မဲကုန်းကျေးရွာကနေ ပစ်တာ၊ ဒီကောင်တွေခိုးလာတာ ညောင် စောက်ကျေးရွာကနေ ခိုးလာတာပေါ့၊ တစ်ရွာနဲ့တစ်ရွာက သိပ်မဝေး၊ ခြေလျင်လိုက်တဲ့သူတွေပဲ မိုင်းနဲ့ တည့်တည့်တိုးပြီး အကုန်လဲကျ ကျန်နေခဲ့တာ၊ လှည်းပေါ်ပါတဲ့သူတွေပဲ လှည်းမောင်းပြီး ထွက်ပြေး သွား တာ၊” ဟု ရေစကြို ပကဖမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စစ်တပ်စစ်ကြောင်းသည် ရေလယ်ကျွန်းဒေသသို့ စစ် ကြောင်း ထိုးပြီး လမ်းကြောင်းတလျှောက်ရှိ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူခဲ့ကြောင်း၊ လက်ရှိတွင်ယင်းအကြမ်းဖက် စစ်ကြောင်း မှာ ပခန်းငယ်ရဲစခန်းသို့ ရောက်ရှိနေကြောင်း၊ သိရှိရသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် – ပကဖ နှင့် နွေဦးစစ်သည် YSO – ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article