29 C
Yangon

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့

ကချင်ပြည်နယ် ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဒကစ(တနိုင်း)က စေလွှတ်လိုက်တဲ့ ရှေ့တန်းရောက် အကြမ်းဖက် စစ်ကောင်စီတပ်သား အယောက် ၅၀ ကျော်ဟာ စစ်မတိုက်ဘဲ ထွက်ပြေးသွား တဲ့အတွက် ဒကစမှူး ဗိုလ်မှူးချုပ် မြတ်မင်းမိုးက အကြီးအကျယ် ဒေါသထွက်ပြီး ထွက်ပြေးသွားတဲ့ တပ်သားတွေကို ချော့မော့ပြန်ခေါပြီး ချုပ်နှောင်ထားတယ် တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

– ကချင်တိုင်းရင်းသားတွေ နဲ့ ချင်းတိုင်းရင်းသားတွေကို နိုင်ငံကူးလက်မှတ် အကြမ်းဖက် စစ်ကောင်စီက ညွှန်ကြားချက် ထုတ်ထားပြီး ၊ နိုင်ငံကူးလက်မှတ်သွားလျှောက်တဲ့အခါမှာလည်း ကချင် နဲ့ ချင်းလူမျိုးတွေ ဖြစ်တာကြေင့် နိုင်ငံကူးလက်မှတ် ထုပ်မပေးဘူးဆိုပြီး စစ်ကောင်စီက ငြင်းပယ်လိုက်တယ်လို့ နိုင်ငံကူး လက်မှတ် လျှောက်ခဲ့တဲ့ ကာယကံရှင်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

– မွန်ပြည်နယ် ၊ ဘီးလင်းမြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပေါ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်ရဲ့ စစ်ယာဉ်တန်း ဖြတ်သန်းဖို့အတွက် လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး အင်အားစုတွေကနေ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၂ ဦး သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article