25 C
Yangon

ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်

Must read

ဆားလင်းကြီးမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာသော စစ်သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၀

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပေါင်းဝကျေးရွာအနီးတွင် ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်း လာသော အကြမ်းဖက်စစ်တပ် သင်္ဘောများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army (BHA) တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၁၉ ရက် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်ခန့်အချိန် မုံရွာ၊ အလုံမင်းဒေါင့်ဆိပ်ကမ်း မှ စုန်ဆင်းလာသော သင်္ဘာ ၈ စီးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဆားလင်းကြီး မြို့ နယ်၊ ပေါင်းဝကျေးရွာအနီး အရောက် ရှေ့ထွက်ပြောင်း တိုက် ၆ လုံး ၂ ပွိုင့်အပြင် လက်နက်ငယ်များဖြင့် ပစ်တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၂)Chindwin Fighter Group (C.F.G) အဖွဲ့သား များမှ ဦးဆောင်၍ ဗန္ဓုလ နှင့်အဖွဲသားများ၊ Brave Heart Army (BHA)တို့ နှင့်ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article