စစ်ကိုင်းမြို့နယ်တွင် စစ်တပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး နေအိမ်များကို မီးရှို့၊ ထိတွေ့တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးကျဆုံး
ရန်ကုန်၊ အောက်တိုဘာ ၂၁
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်က ပြည်သူတစ်ဦးကို သတ်ဖြတ်ပြီး ကျော်ဇေ ယျာ ရွာမှ နေအိမ် ၈ လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း နယ်စည်းမခြား စစ်ကိုင်းသား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုတာနောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ ည ၁၀ နာရီ ၁၅ မိနစ်ခန့်အချိန် ဆားတောင်မြို့ဘက်မှ ကား ၂ စီးဖြင့် စစ် ကြောင်းထိုးလာသော အင်အား ၅၀ ကျော်ပါ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို ကျော်ဇေယျာရွာ နှင့် ချိုင်းကြီးကျေးရွာကြား အရောက် မိုင်းပွိုင့် ၃ ပွိုင့်ဖြင့် PDF များက တိုက်ခိုက်ခဲ့ကြောင်း၊ ၎င်းကား ၂ စီးသည် ကျော်ဇေယျာရွာတွင် ညအိပ်ပြီး ပြည်သူပိုင်ပစ္စည်းများကို ခိုးယူကာ ပြည်သူ့နေအိမ် ၈ လုံးကို မီးရှို့ခဲ့ ကြောင်း၊ ပြည်သူတစ်ဦးကိုလည်း ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကျော်ဇေ ယျာ ကျေးရွာအတွင်း နယ်မြေရှင်းလင်းရေးဝင်ရောက်စဉ် ကျေးရွာ အနောက်ဘက်တွင် ထိတွေ့တိုက်ပွဲဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ရဲဘော် မောင်ကြီး ကျဆုံးခဲ့ကြောင်း၊ ယင်းနေ့ ညနေ ၆ နာရီခွဲခန့်တွင်လည်း ယင်းအ ကြမ်းဖက် စစ်ကြောင်း ရုံပင်ကန်ကျေးရွာနှင့် သစ်ချိုကုန်းကျေးရွာ အရောက် မိုင်းပွိုင့် ၁ ပွိုင့်ဖြင့် ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သား ထိခိုက်သေဆုံးသေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“စစ်ကြောင်းဝင်လာပြီးတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ကျနော်တို့ ကျော်ဇေယျာရွာအနောက်ဘက် နယ်မြေရှင်းလင်းရေးဝင်တဲ့အချိန်မှာ စစ်ကောင်စီတပ်နဲ့ ထိတွေ့ တိုက်ပွဲဖြစ်ပြီးတော့ ကျနော်တို့ဘက်က ရဲဘော်တစ်ဦးကျသွားတယ်၊ ရဲဘော်က အသက် ၂၃ နှစ်ပါဗျ၊ တော်လှန်ရေး နာမည် မောင်ကြီးလို့ ခေါ်ပါတယ်၊ အဲဒီအပြင် စစ်ကောင်စီ တပ်သားတွေက ဦးမင်းဆွေ လို့ခေါ်တဲ့ ပြည်သူတစ်ဦးကိုလည်း သတ်သွားတယ်၊ ပြီးတော့ ကျော်ဇေယျာ ရွာမှာလည်း နေအိမ် ၈ လုံး ထက်မနည်းကို မီးရှို့သွားပါတယ်” ဟု နယ်စည်းမခြား စစ်ကိုင်းသား တပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံ ကိုတာနောက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ရာတွင် စစ်ကိုင်းခရိုင် တပ်ရင်း ၂ တပ်ခွဲ ၄ တပ် စု ၂ – နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၀ ရက်နေ့ ည ၉ နာရီ ၁၅ မိနစ်ခန့်အချိန် စစ်ကိုင်းမြို့နယ်၊ တ .က.ရ ၆၀၀၅ တပ် မှ အနက်ရောင် အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက်စစ်သား ၇ ဦးကို ရွာသစ်ကျေးရွာနှင့် အုန်း တောကျေးရွာကြားတွင် မိုင်းပွိုင့် ၂ ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသည့် စစ်သားများ ထိ ခိုက်သေဆုံးမှုရှိကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို စစ်ကိုင်းခရိုင် တပ်ရင်း ၂ ၊ တပ်ခွဲ ၄ ၊ တပ်စု ၂ – နယ်စည်းမခြား စစ်ကိုင်းသားအဖွဲ နှင့် တောတွင်း တွတ်ပီ အဖွဲ့တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။