32 C
Yangon

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင်ရုံကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

Must read

အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင်ရုံကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင်ရုံကို မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KNDO တပ်ရင်း ၆ DRONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ညနေ ၄ နာရီ ၅၁ မိနစ် နှင့် ၅၅ မိနစ်တို့တွင် အရှေ့တောင်တိုင်း စစ်ဌာနချုပ်ရှိ တိုင်းရုံးနှင့် ဆီသိုလှောင် ကန်တို့ကို တော်လှန်ရေး တပ်ဖွဲ့များက မောင်းသူမဲ့ လေယာဥ်ငယ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ထိခိုက်မှု အတိအကျတော့ မသိရသေးပါဘူး။ မနေ့က ညနေ ၄ နာရီ ၅၁မိနစ်မှာ ရတခ တိုင်းရုံး နဲ့ ၄ နာရီ ၅၅ မိနစ်မှာ ဆီသိုလှောင်ရုံ တို့ကို တိုက်ခိုက်ခဲ့ပါတယ်”ဟု KNDO တပ်ရင်း ၆ DRONE အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို KNDOတပ်ရင်း ၆ Droneတပ်ဖွဲ့ နှင့် Alpha bats (Fixed-Wing Drone Force) တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article