33 C
Yangon

ထီးချိုင့်မြို့တွင် လောင်းကစားဝိုင်းမှ ပြန်လာသည့် ရဲစခန်းမှူးနှင့် ရဲအုပ်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

Must read

ထီးချိုင့်မြို့တွင် လောင်းကစားဝိုင်းမှ ပြန်လာသည့် ရဲစခန်းမှူးနှင့် ရဲအုပ်တို့ ပစ်ခတ်ခံရပြီးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၂

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်တွင် လောင်းကစားဝိုင်းမှ ပြန်လာသည့် ရဲစခန်းမှူးနှင့် ရဲအုပ်တို့ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ထီးချိုင့်-ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၁၉ ရက်နေ့တွင် ထီးချိုင့်မြို့နယ်ရှိ မြတောင် ရဲစခန်းမှ စခန်းမှူးနှင့် ထီးချိုင့်မြို့နယ် ရဲအုပ်တို့သည် လောင်းကစားဝိုင်းမှ ပြန်လာစဥ် တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

“အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက မြတောင် စခန်းမှူးနဲ့ ထီးချိုင့် မြို့နယ် ရဲအုပ်တို့ လောင်းကစားဝိုင်းက အပြန် ကာကွယ်ရေး ရဲဘော်များက ရှင်းလင်းခဲ့ပြီး စခန်းကို အန္တရာယ်ကင်းစွာ ပြန်ခဲ့ကြပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၉ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့ပေါ်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မသွန်းရတီသည် လက်နက်ကြီးကျည် ထိမှန်ကာ လည်ပင်း၌ ပြင်းထန် ဒဏ်ရာ ရရှိခဲ့ပြီး နေရာ၌ပင် သေဆုံးခဲ့ကြောင်း သိရသည်။

“အသက် ၁၉ နှစ်အရွယ် သွန်းရတီ (ခေါ်) ယွန်းနီ လက်နက်ကြီးကျည် ထိမှန်ပြီး လည်ပင်းမှာ ပြင်းထန်ဒဏ်ရာရပြီး နေရာမှာပဲ သေဆုံးသွားပါတယ်” ဟု ထီးချိုင့်- ပြည်သူ့ကာကွယ်ရေးမှ တာဝန်ရှိသူမှ ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article