25 C
Yangon

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး၊ ယင်းမာပင်မြို့ နယ်၊ ရွှေဂူတောင်၌ ညအိပ်နေသော ကျားဘီလူးစစ်ကြောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

Must read

ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁၆ ဦးသေဆုံး၊ ယင်းမာပင်မြို့ နယ်၊ ရွှေဂူတောင်၌ ညအိပ်နေသော ကျားဘီလူးစစ်ကြောင်းကို လက်နက်ကြီးများဖြင့် တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၃

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း The Red Revolters (Pakokku) အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခွဲခန့်အချိန် ပခုက္ကူမြို့မှ ယာဉ်အစီးရေ ၂၀ ခန့်ဖြင့် ကမ္မမြို့ဘက်သို့ ထွက်လာသော ရိက္ခာပို့ ယာဉ်တန်းကို ပခုက္ကူ – ကမ္မလမ်းပိုင်း တစ်နေရာအရောက် မိုင်း ပွိုင့် ၂ ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယာဉ်တစ်စီးလမ်းဘေး ထိုးကျသွားပြီး အကြမ်းဖက် စစ်သား ၄ ဦး နေရာ မှာပင် ပွဲချင်းပြီးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများ ပခုက္ကူမြို့ဆေးရုံတွင် ပြန်လည်သယ်ဆောင်သွားပြီး ဆေးရုံအရောက် ၃ ဦး ထပ်မံသေဆုံးသွားကြောင်း သိရသည်။

“ထွက်တာက ယာဉ်တန်းက အစီး ၂၀ ထွက်တာဗျ၊ ၇ စီးပဲ ကမ္မရဲစခန်းကို ဝင်နိုင်တယ်၊ ကျန်တဲ့ကားတွေ က ပခုက္ကူမြို့ကို ပြန်ဆုတ်သွားတဲ့ကားတွေက ဆုတ်သွားတယ်၊ တချို့ကားတွေကလည်း အနီးအနားက ပျူရွာတွေထဲဝင်သွားတယ်၊ မိုင်းဆွဲလို့သေဆုံးဒဏ်ရာရတဲ့သူတွေကိုလည်း သူတို့ပါလာတဲ့ကားတွေနဲ့ပဲ ပြန်သယ်သွားတာ၊ ယာဉ်တန်းက Jammer တွေဖွင့်ပြီးသွားတာဆိုတော့ ဆွဲမိုင်းပဲ တိုက်ခိုက်ခဲ့ရတာပါ” ဟု The Red Revolters (pakokku) အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုကို The Red Revolters (Pakokku) အဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ကမ္မလမ်းပိုင်း ကန်တော်ကျေးရွာအနီးတွင် ယာဉ်တန်းကြိုပွိုင့်ကား ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ကြောင်း Pakokku Special Task Force တပ်ဖွဲ့ထံမှ သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၂ ရက် နံနက် ၉ နာရီခွဲခန့်က ပခုက္ကူမြို့မှ ကမ္မမြို့သို့ ရိက္ခာပို့ယာဉ်တန်း ထွက်ခွာရန် ရှေ့ပြေးပွိုင့်အဖြစ်ထွက်ခွာလာသည့် ကား၃ စီးကို ကန်တော်ကျေးရွာအနီးအရောက် မိုင်း ၅ လုံးတွဲ တစ်တွဲ၊ ၃ လုံးပွိုင့်တစ်တွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦး နေရာမှာပင် ပွဲချင်းပြီးသေဆုံးပြီး ပြင်းထန်ဒဏ်ရာဖြင့် ဆေးရုံရောက်ရှိသူများအနက် တစ်ဦးထပ်မံ သေ ဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Pakokku Special Task Force ပကဖ တပ်ခွဲ ၃ ၊ ပခုက္ကူမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ ပကဖတပ်ခွဲ ၁ ပခုက္ကူခရိုင်တပ်ရင်း ၁၃ နှင့် Kamma Under Ground People Defense Force တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေဂူတောင်၌ ညအိပ်တပ်စွဲနေသော အကြမ်းဖက်စစ်ကောင်စီတပ် ကျားဘီလူးစစ်ကြောင်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Chindwin Toe Na Yar PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အောက်တိုဘာလ ၂၀ ရက်နေ့ ည ၁၀ နာရီခွဲခန့်အချိန် ပုလဲမြို့နယ်အတွင်း လှည့်လည်ကာ လူသတ်ခဲ့ပြီး ယင်းမာ ပင်မြို့နယ်၊ ရွှေဂူတောင်သို့ စစ်ကြောင်းထိုးလာကာ ညအိပ်တပ်စွဲနေသည့် ကျားဘီလူး စစ်တပ် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ၆၀ မမ ၈၀ မမ ၉၀ မမလက်နက် ကြီးဖြင့် ပစ်ခက်တိုက်ခဲ့ကြောင်း၊ အကြမ်း ဖက်စစ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ယင်းမာပင်မြို့ဆေးရုံကြီး၌ တင်ပို့ဆေးကုသထား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကို Chindwin Toe Na Yar PDF ၊ Real Hero ၊ Brave Eagles Revolution Force ၊ ခရိုင်တပ်ရင်း ၁၆ Win Star Attack Force ၊ YMB Local PDF တပ်ခွဲ တပေါင်းစစ်ချီ ဒေါင်းစစ်သည် ၊ တပ်ရင်း ၂၉ တပ် ခွဲ ၂ ကိုဘသာ ၊ စွန်ရဲပြောက်ကျား တပ်ရင်း ၈ ၊ တပ်ခွဲ ၂၄ ကျောက်ဒိုး ၊ Triple Two Local PDF ၊ သမာန်းကျားတပ်ရင်း ၁၆ တပ် ခွဲ ၃ ၊ AB ကျောင်းသားတပ်ဖွဲ့ နှင့် အင်ကြင်းမြေ စစ်ဘီလူး မဟာမိတ်ပူပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article