33 C
Yangon

ပေါင်းတည်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးက စီးပွားရေးသမားများနှင့် လုပ်ငန်းများထံမှ လစဉ် ခြိမ်းခြောက် ငွေတောင်း

Must read

ပေါင်းတည်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးက စီးပွားရေးသမားများနှင့် လုပ်ငန်းများထံမှ လစဉ် ခြိမ်းခြောက် ငွေတောင်း

ရန်ကုန်၊ အောက်တိုဘာ ၂၃

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးက စီးပွားရေးသမားများနှင့် လုပ်ငန်းများထံမှ လစဉ် ခြိမ်းခြောက် ငွေတောင်းလျက်ရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပဲခူးတိုင်း နတ္တလင်းခရိုင် ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ ပန်းတောင်းမြို့၊ အမှတ် ၅ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ (ကပစ-၅) မှ ပြောင်းရွှေ့လာသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးဝေလွင်ဦးက မြို့နယ်အတွင်း မြို့ခံပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေးလုပ်ငန်းများထံမှ ဆက်ကြေးငွေများ တောင်းခံလျက်ရှိကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ကပစ ၅ ပန်းတောင်းမြို့ကနေ ပြောင်းလာတဲ့ မြို့နယ်စီမံအဖွဲ့ဝင် ဗိုလ်မှူးက စီးပွားရေး လုပ်ငန်းရှင်တွေကို လစဥ်ထောက်ပံ့ကြေး ဖို့ တောင်းတယ်။ တစ်လ ကို စီးပွားရေးသမား တစ်ဦးကို ငွေ ၅ သောင်းကျပ် တောင်းတယ်။ နှစ်လုံး၊ သုံးလုံး လောင်းကစားဒိုင်တွေဆီကို လစဥ်ကြေးပေးရန် တစ်လ ၁ သိန်းတောင်းတယ်။ သစ်စက်နဲ့ သစ်အရောင်းဆိုင်တွေဆီက လစဉ်ကြေး တစ်လ ၁ သိန်း။ ဆီစက်တွေကတော့ တံစိုးလက်ဆောင်ပေးရတယ်” ဟု ပေါင်းတည်မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

ထို့ပြင် အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးသည် မြို့ပေါ်မှ တည်းခိုခန်းများကို အမျိုးသမီးငယ်တချို့ ရှာခိုင်းပြီး ပျော်ပါးကြောင်း၊ ထိုသို့ ပျော်ပါးမှု အတွက် တည်းခိုခန်းပိုင်ရှင်များက ကျခံရပြီး တည်းခိုခလည်း မပေးကြောင်း သိရှိရသည်။

“ပေါင်းတည်မှာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးက အာဏာကို အလွဲသုံးစားလုပ်တယ်။ လစဥ်ကြေး တောင်းခံနေလို့ လုပ်ငန်းရှင်တွေအခက်တွေ့နေပါတယ်။ ဆက်ကြေးတောင်းတယ်။ မြို့နယ်အတွင်းမှာ ကိုယ်ကျိုးအတွက် စီးပွားရှာနေတဲ့ အာဏာပြနေတဲ့ ဗိုလ်မှူးကို PDF တွေက အရေးယူပေးဖို့ မြို့ခံ ပြည်သူတွေက လိုလားနေကြပါတယ်” ဟု ပေါင်းတည်မြို့မှ ပြည်သူက ပြောဆိုသည်။

ထို့အတူ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဗိုလ်မှူးက ရွှေဆိုင်ပိုင်ရှင်များထံမှလည်း ပုံမှန် ဆက်ကြေး တောင်းခံနေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article