စစ်တပ်က အလုပ်ခေါ်စာအတုများဖြင့် အလုပ်လိုချင်သော လူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းမှုများ များပြားလာ
ရန်ကုန်၊အောက်တိုဘာ ၂၃
အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များ၊ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် အလုပ် ခေါ် စာအတုများ ဖြန့်ဝေပြီး အလုပ် လျှောက်ထားသူများကို အင်တာဗျူး ခေါ်တွေ့ကာ တပ်သားသစ်အဖြစ် ခြိမ်းခြောက် ခံဝန် လက် မှတ် ထိုး စုဆောင်းမှုများ များပြားလာကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်းရင်းမြစ် များ ထံမှ သိရှိရသည်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူများကို ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးထောင်ချခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူလုယက်ခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်လာသဖြင့် ပြည်သူများ ရွံ့ရှာမုန်းတီးမှုခံရပြီး စစ်တပ်ထဲဝင်မည့်သူ မရှိဖြစ်လာ ကြောင်း သိရှိရသည်။
စစ်တပ်က တပ်သားသစ်စုဆောင်းရေးအတွက် ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်များတွင် အလုပ်ခေါ်ယူသည့် ကြော်ငြာများ တင်၍ လူငယ်များကို အင်တာဗျူးခေါ်ယူကြောင်း၊ အလုပ်လို၍ လာသော လူငယ် များကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ခံဝန်လက်မှတ်များထိုး တပ်သား သစ်အဖြစ် စုဆောင်းကြောင်း၊ ထိုကဲ့သို့ စနစ်ကို အသုံးပြုလျက်ရှိသောကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးနေချိန် အလုပ်လက်မဲ့ ဖြစ်နေသော လူငယ် များ သတိပြုရန်လိုအပ်ကြောင်း ပြည်သူ့ရင်ခွင် တပ်တွင်းသတင်း အရင်း အမြစ်ကို ကိုးကား၍ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။
“အာဏာသိမ်းမှုကြောင့် နိုငိငံခြားရင်းနှီးမြုပ်နှံမှုတွေ ထွက်နေတဲ့အချိန် အလုပ် လက်မဲ့ ဖြစ်သွားတဲ့ စက်ရုံအလုပ်ရုံတွေမှ အခြေခံ အလုပ်သမားတွေနဲ့ နယ် ဘက်က အတွေ့အကြုံနုနယ်တဲ့ လူငယ်တွေကို ပစ်မှတ်ထားပြီး စစ်သား စု ဆောင်း နေတာပါ” ဟု CDM ဗိုလ်ကြီးလင်းထက်အောင်က ဆိုသည်။
တပ်သားသစ်စုဆောင်းရာတွင် စစ်ကောင်စီက တပ်အရာရှိများနှင့် စစ်သည် များကို ပုံစံမျိုးဖြင့် လိမ်လည် စုဆောင်းခွင့်ပြုထားပြီး အဓိကအားဖြင့် တပ်သား သစ် ရရှိ ရန်ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိတွင် စစ်တပ်က ပုံစံအမျိုးမျိုးဖြင့် တပ်သားသစ်စုဆောင်းမှုများ လုပ်ဆောင်နေပြီး နိုင်ငံခြားသို့ စေလွှတ်မည်ဟုဆိုကာ စိတ်ဝင်စားသော လူငယ်များကို စာရင်းကောက်ယူ တပ်သားသစ် စုဆောင်းမှုများလည်းရှိနေကြောင်း သိရှိရသည်။