Khit Thit သတင်းဌာန၏ အောက်တိုဘာ ၂၃ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့
– မန္တလေးတိုင်း၊ ပြင်ဦးလွင် တပ်မတော် နည်းပညာ တက္ကသိုလ် ကျောင်းဝင်းအနီးမှာရှိတဲ့ ဖက်ဒရယ်စမ်းရေ အိမ်ရာ စီမံကိန်းကနေ တော်လှန်ရေး ရန်ပုံငွေ ဒေါ်လာ ၃ သန်းကျော် ရရှိထားတယ်လို့ The End Of Dictatorship ကနေ သတင်းထုတ်ပြန်ထားပါတယ်။
– အကြမ်းဖက် စစ်တပ်က ဖေ့ဘုတ်စ် အပါအဝင် လူမှုကွန်ရက်တွေ ၊ လူစည်ကားရာ လမ်းဆုံလမ်းခွတွေမှာ အလုပ် ခေါ် စာအတုတွေ ဖြန့်ဝေပြီး အလုပ်လိုချင်တဲ့ လူငယ်တွေကို တပ်သားသစ်အဖြစ် စုဆောင်းမှုတွေ များပြားလာတယ်လို့ ပြည်သူ့ရင်ခွင် တပ်တွင်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
– ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်က အကြမ်းဖက် စစ်ကောင်စီရဲ့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ဝေလွင်ဦး ဆိုသူက မြို့ခံ စီးပွားရေးသမားတွေနဲ့ လုပ်ငန်းရှင်တွေဆီကနေ ခြိမ်းခြောက်ပြီးတော့ လစဉ် ငွေကြေးတွေ တောင်းယမ်းနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။