27 C
Yangon

အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

Must read

အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီး စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၈ ဦးသေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သလဲဘာရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၈ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ယမန်နေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲခန့်က အရာတော်မြို့နယ်၊ သလဲဘာကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၄ ဦးနှင့် ပျူစောထီး ၄ ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပုသိမ်ကြီးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ GZP -Mandalay ၊ MRTF ၊ NDRA၊ ကျောက်ဆည်ခရိုင် တပ်ရင်း ၂ ၊ စစ်ကိုင်း ခရိုင် တပ်ရင်း ၂ ၊ Drone အဖွဲ့များ ၊ ဒေသ ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့များ ပူးပေါင်းကာ ဝင်ရောက် စီးနင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article