25 C
Yangon

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ဒုတိယကျောင်းအုပ် ဗိုလ်မှူးချုပ် လာဘ်ပေးလာဘ်ယူမှု၊ အနိုင်ကျင့်မှုများဖြင့် သောင်းကျန်းနေမှု ထိန်းမနိုင် သိမ်းမရ ဖြစ်နေ

Must read

ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ဒုတိယကျောင်းအုပ် ဗိုလ်မှူးချုပ် လာဘ်ပေးလာဘ်ယူမှု၊ အနိုင်ကျင့်မှုများဖြင့် သောင်းကျန်းနေမှု ထိန်းမနိုင် သိမ်းမရ ဖြစ်နေ

ရန်ကုန်၊ အောက်တိုဘာ ၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင် စစ်တက္ကသိုလ်တွင် ဒုတိယကျောင်းအုပ် ဗိုလ်မှူးချုပ် ——သည် လာဘ်ပေးလာဘ်ယူမှု၊ အနိုင်ကျင့်မှုများဖြင့် သောင်းကျန်းနေမှုကို ထိန်းမနိုင် သိမ်းမရ ဖြစ်နေကာ စစ်ကောင်စီကလည်း အရေးယူမှုမရှိကြောင်း စစ်တက္ကသိုလ်မှ သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ် ဗိုလ်သင်တန်း အပတ်စဉ် ၃၈ ဆင်း ဗိုလ်မှူးချုပ်သည် ပြစ်ချက်များရှိသဖြင့် ရာထူး ဆက်မတိုးတော့ဘဲ စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ် အဖြစ် ခန့်အပ်ခံရကြောင်း၊ ၎င်းနှင့်အတူ အပတ်စဉ်တူများမှာ ဗိုလ်ချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာထူးများရရှိနေချိန် ၎င်းမှာ ရာထူးဆက်မတိုးဘဲ ဖြစ်နေသဖြင့် အမြဲတစေ ရန်လိုနေကာ ရိုင်းစိုင်းကြောင်း၊ နေ့စဉ် စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း များ၊ သင်တန်းနည်းပြ ကျောင်းဆရာ အရာရှိများကို ကြိမ်းမောင်း ဆဲဆို နေကြောင်း သိရှိရသည်။

“သူ့မှာ ပြစ်မှုမှတ်တမ်းတွေရှိလို့ သူ့အပတ်စဉ်တွေ ဒုဗိုလ်ချုပ်ကြီးတွေဖြစ်နေချိန်မှာ သူ့ကို ဗိုလ်မှူးချုပ် ရာထူးနဲ့ စစ်ဦးစီးတက္ကသိုလ် ကနေ DSA စစ်တက္က သိုလ်မှာ ဒုကျောင်းအုပ် လုပ်ခိုင်း ချွေးသွပ်ထားတယ်။ သူက DSA 38 ဆင်း အင်မတန်မိုက်ရိုင်းတယ်။ သူ့နေတဲ့အိမ်၊ သူ့တက်တဲ့ရုံးခန်းမှာ နေ့စဉ် ဆဲဆိုသံ တွေ ၊အရိုက်ခံရသံတွေနဲ့ ဆူညံနေပြီး လက်အောက်ကို မဆဲရ မရိုက်ရရင် မခိုင်းရရင် နေလို့မရ စားလိုမဝင် အိပ်မပျော်ဘူးလို့ နာမည်ကြီးတယ်။ သားသမီး ၁ ယောက်ရှိတယ်။ သူ့အိမ်ရဲ့ နေရေး စားရေးကို အလှည့်ကျ လက်အောက် အရာ ရှိ တွေနဲ့ ဇနီးတွေက နေ့စဉ်သွားရောက် လုပ်ကိုင်ပေးရပြီး မကြိုက်တာ လုပ် လို့ကတော့ သားပြော မယားပြောနဲ့ အရိုက်ခံ အဆဲခံရတဲ့ သူတွေ ဒုနဲဒေးပဲ။ စစ်ကောင်စီထိပ်တန်းဗိုလ်ချုပ်တချို့နဲ့ ဆွေမျိုးနီးစပ်တော်တော့ ကျောင်းက သူ့ထက်စီနီယာတွေတောင် သူကိုကြောက်ရတယ်။ သူ့ထက် စီနီယာတွေကို လူ အများကြားမှာ အမေ နှမ ကိုင်ဆဲရင်း ကျောင်းအုပ်ကအစ သူကို ပြန်မပြောရဲဘူး၊ အထက်ကို မတိုင်ရဲကြဘူး။ သူ့လက်အောက်က ဆိုရင် သူ့မျက်နှာ ဒဲ့ကြည့်ပြီး စကားမပြောရဘူး၊ကြည့်ရင် ပြေးအကန်ခံရ၊ ပါးရိုက်ခံရပြီသာမှတ်၊ သူ့ရဲ့ အရိုက်မခံရတဲ့သူ မရှိသလောက် စစ်တက္ကသိုလ်မှာ အဲဒီလူက နာမည်ကြီးနေတာ” ဟု စစ်တက္ကသိုလ် သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်တက္ကသိုလ်၊ စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး ၊ လေ့ကျင့်ရေးဌာနမှ အရာရှိ ၂ ဦး၊ ဘွဲ့လွန်သင်တန်းမှ အရာရှိ ၂ ဦး စုစုပေါင်း စစ်တက္ကသိုလ်မှ ကျောင်းဆရာ အရာရှိ ၆ ဦး ထွက်ပြေးမှုတွင် ၎င်း၏ ပါဝင်ပတ်သက်ကြောင်း၊ စစ်တက္ကသိုလ်ဒုတိယကျောင်းအုပ်၏ ဒဏ်ကို မခံနိုင်တော့မှုသည် အရာရှိ ၆ ဦး ထွက်ပြေးမှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ကြောင်း စစ်တက္ကသိုလ် သတင်းရင်းမြစ်က ရှင်းပြသည်။

“သူ့ဒဏ် မခံနိုင်လို့ ထွက်ပြေးကြတဲ့ စာပေ ၂ က အဖွဲ့တွေ ဗိုလ်လောင်းတွေနဲ့ အချို့အရာရှိတောင်ပါတယ်။ ဒါပေ့မယ် ဘယ်သူမှ သူကိုမတိုင်ရဲကြဘူး။ သူ့ ကြောက်လို့။ ၂၀၂၁ ခုနှစ် သူ့ဥပဒေ သင်တန်းတက်တုန်းက စစ်တက္ကသိုလ် တပ်ရေးဗိုလ်ကြီး ——-ကို လစဉ် သိန်း ၅၀ ရှာပြီး ပို့ခိုင်းတယ်။ ဘာဂွင်မှ မရှိဘဲ ဒီအတိုင်း တောင်းတာ၊ ပို့ခိုင်းတာ။ အဲဒီတော့ တပ်ရေးဗိုလ်ကြီး ဒီချေးနဲ့ ရှာပေးရတာ။ လက်အောက်က အချို့သူတွေရဲ့ လစာငွေတွေပါ ယူပြီ ပို့ပေးရတယ်။ အိမ်မှာနေတဲ့ သူ့မိသားစုရဲ့ နေထိုင်ရေးကိုလည်း တပ်ရေးဗိုလ်ကြီးက လုပ်ပေးရသေးတယ်။ သင်တန်းက ၁ နှစ်ကြာတော့ နောက်ဆုံး တပ်ရေးဗိုလ်ကြီးမှာ သိန်း ၁၅၀၀ ကျော် အကြွေးတင်သွားတယ်။ အကြွေးရှင်တွေလာတောင်းတော့ မသိချင်ယောင်ဆောင်ပြီး တပ်ရေးဗိုလ်ကြီးကို ရှင်းခိုင်းတယ်။ အထက်တိုင်မယ်လုပ်တော့ တပ်ရေးဗိုလ်ကြီးကို အချုပ်ထဲ ထည့်ပစ်လိုက်တယ်။ တပ်ရေးဗိုလ်ကြီးလည်း ကြားထဲက ထောင်ကျမယ့်အတူတူ အစောင့်တွေကို မုန့်ဖိုးပေးပြီး မိသားစုလိုက် ထွက်ပြေးရတော့တယ်။ ဒီလိုထွက်ပြေးတော့ ——–အတွက် အကြိုက်တွေ့တာပေါ့။ နောက်ဆုံး ကိုယ်လွတ်ရုန်းပြီး တပ်ရေးဗိုလ်ကြီး မိသားစုကို ထိုးကျွေးလိုက်ကြတာဘဲ၊ ဘယ်သူမှ ဒီအ ကြောင်း ကို အထက်မတိုင်ရဲကြဘူး။ လေသံတောင် မဟရဘဲ၊ သူ့ကိုကြောက် တော့” ဟု စစ်တက္ကသိုလ် သတင်းရင်းမြစ်က ဆိုသည်။

စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်သည် ပြင်ဦးလွင် မြေကွက်များကိုလည်း အကွက်ရိုက် ရောင်းစားနေပြီး မည်သူကမှ မတားဆီးရဲကြောင်း၊ မြို့နယ် အာဏာပိုင်များကိုပင် ဒုတိယကျောင်းအုပ် ဗိုလ်မှူးချုပ်က သူရောင်းချသည့်မြေကွက်များတွင် ဝင်မရှုပ်ရန် ခြိမ်းခြောက် ဖိအားပေးကြောင်း သိရှိရသည်။

“ပြင်ဦးလွင်လို့ နေရာမျိုးမှာ စစ်ဗိုလ်ချုပ်တွေကို မြေကွက် ရိုက် ရောင်းတာတွေ မလုပ်ဖို့တားမြစ်ထားတဲ့ အမိန့်ရှိတယ်။ နေမျိုးအောင်ကတော့ လုပ်တယ်။အေးအေးဆေးဆေးပဲ၊ သူ့ကိုယ်ကျတော့ ဘယ်သူမှမပြောရဲကြဘူးလေ၊ အရာရှိ အချင်းချင်း မြေကွက် ဝယ်ရောင်း လုပ်တဲ့သူတွေအပေါ်တောင် ကော်မရှင်ခ တောင်းတယ်။ ငရမ်းချောင်ရပ်ကွက်လို နေရာမျိုးမှာတောင် သူ့မိသားစုနေဖို့ နေရာ စုဝယ်ပေးရတယ်” ဟု စစ်တက္ကသိုလ် သတင်းရင်းမြစ်က ရှင်းပြသည်။

စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်——–ကလည်း ဒုတိယကျောင်းအုပ် ဗိုလ်မှူးချုပ်——-၏ လုပ်ရပ်များကို တားဆီးနိုင်ခြင်းမရှိဘဲ နှုတ်ဆိတ်နေရကြောင်း သိရှိရသည်။

(Facebook ၏ Community Standard အရ နာမည်များကို မဖော်ပြနိုင်ဘဲ ရန်ကုန်ခေတ်သစ်၏ တယ်လီဂရမ် https://t.me/khitthitnews/141945 တွင် အသေးစိတ် ဖော်ပြထားပါသည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article