သပိတ်ကျင်းတွင် ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦးထက်မနည်းသေဆုံးဟုဆို၊ ဒီပဲယင်းတွင်လည်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော် လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၄
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်တွင် အောက်တိုဘာလ ၁၃ ရက်နေ့မှ အောက် တိုဘာလ ၂၁ ရက်နေ့အထိ ၉ ရက်တာတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၁၆ ဦး ထက်မနည်းသေဆုံးကြောင်း သပိတ်ကျင်းမြို့နယ်(ပကဖ)၊ TBKတောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၉ ရက်တာတိုက်ပွဲအတွင်း သပိတ်ကျင်းမြို့နယ်(ပကဖ) တော်လှန်ရေးအင်အား စုများနှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၆ ဦးထက်မနည်း ေသဆုံးခဲ့ကြောင်း၊ မိုင်းဆွဲတိုက်ခိုက်မှုများကြောင့်လည်း စစ်တပ်ယာဥ်များ ပျက်စီးထိခိုက်ခဲ့ကြောင်း၊ ထို့ ပြင် စစ်တပ်ဘက်မှ ဒဏ်ရာရသည့် စစ်သားအရေအတွက် ၃၀ ကျော် ကြာအင်းစစ်ဆေးရုံတွင် ဆေးကုနေရကြောင်း ၎င်းက ပြောဆိုသည်။
အလားတူ အောက်တိုဘာ ၁၅ ရက်နေ့ ညနေပိုင်း ၃နာရီ ၄၀ မိနစ်ဝန်းကျင်အချိန် သပိတ်ကျင်းမြို့နယ် အတွင်း နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရန် အမှတ် ၁၃ စစ်ကောင်စီတပ်တန်းမြှင့်လေ့ကျင့်ရေး ကျောင်း (တတက ၁၃ ) တပ်မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို လက်ပံကုန်းရွာထိပ် ပေတရာလမ်းမနှင့် ပေ ၅၀ အကွာတွင် TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးသီး ၂လုံးချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်သား ၇ ဦး ဒဏ်ရာရရှိပြီး နာရေးကားများဖြင့် ကြာညှပ်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် ဒီပဲယင်းမြို့မှ ထွက်လာသော စစ်တပ်စစ်ကြောင်းသည် ငဝဲတောရွာမှ ကြည်ရွာဘက်ကို ဝင်ရောက်လာခဲ့ကြောင်း၊ ထိုသို့ဝင်ရောက်လာ စစ်တပ်စစ်ကြောင်းကို Special Ranger Force နှင့် မဟာမိတ်အဖွဲ့များက ကြည်ရွာတွင် ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှည်ပစ်ခတ်ချိန် မိနစ် ၂၀ခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင် စီတပ်သား သေဆုံးမှုစာရင်းကို မသိရှိရသေးကြောင်း Special Ranger Force ထံမှ သိရှိရသည်။
“ခွေးသေထိခိုက်မှုက မသိရသေးဘူးဗျ၊ စစ်ကြောင်းနောက်ကို လိုက်နေတုန်းမို့ဗျ၊ အောက်တိုဘာလ ၂၀ ရက်နေ့က ရေဦးကနေ ဒီပဲယင်းကိုရောက်တယ်၊ ၂၁ ရက်နေ့မှာ ဒီပဲယင်းမြို့ကထွက်ပြီး ဒီပဲယင်းအ နောက်ဘက်က ရွာတွေကို ပတ်မွှေနေတာဗျ၊ ရွာ ၁၀ လောက်က ပြည်သူတွေ ထွက်ပြေးနေရတယ်” ဟု Special Ranger Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာန ထံသို့ ပြောကြားသည်။
စစ်ဆင်ရေး တိုက်ပွဲကို Special Ranger Force နှင့်အတူ Depeyin Local Mobile Team ၊ အမှတ် (၁၂) တပ်ရင်း၊ ရွှေဘိုခရိုင်နှင့် အားမာန်သစ် Local PDFအဖွဲ့တိုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း မဟာမိတ်အဖွဲ့များဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုး လှုပ်ရှားမှုကြောင့် ဒီပဲယင်းမြို့နယ်၊ ဝဘာရွာ၊ အုန်းတင်ရွာ၊ ဆပ်ပြာ ကျင်းရွာ၊ အင်ဘုတ်ရွာ၊ သိမ္ဘာရွာ၊ ပန်းပုရွာ၊ ကျည်ရွာ၊ ဘုရားတောရွာ၊ အင်တန်းရွာ၊ တောကျောင်းရွာ၊ ငြိမ်းချမ်းရွာ ၊မစိုးရိမ်ရွာအပါအဝင် ရွာပေါင်း ၁၀ ရွာကျော်မှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။