29 C
Yangon

ဂျပန်ရောက် ချင်းလူငယ်များပေါင်းစု၍ ချင်းနှစ်သစ်ကူးအထိန်းအမှတ် ဖူဆယ်ဖလားပြိုင်ပွဲ ကျင်းပ

Must read

ဂျပန်ရောက် ချင်းလူငယ်များပေါင်းစု၍ ချင်းနှစ်သစ်ကူးအထိန်းအမှတ် ဖူဆယ်ဖလားပြိုင်ပွဲ ကျင်းပ

ရန်ကုန်၊ အောက်တိုဘာ ၂၄

ဂျပန်နိုင်ငံတွင် ချင်းလူငယ်များနှင့် ဖွဲ့စည်းထားသော Chin brother FC အသင်းနှင့် CNF/A Regional committee မှ ဦးဆောင်ပြီး ချင်းနှစ်သစ်ကူး (ကောက်သစ်စားပွဲ) အထိန်းအမှတ်အဖြစ် ၅ ကြိမ်မြောက် ချင်းနှစ်သစ်ကူးဖူဆယ်ဖလားကို အသင်း၄၈ သင်းဖြင့် ကျင်းပခဲ့ကြောင်း သိရှိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း မှ ချင်းလူမျိုးများ စစ်အာဏာရှင်များကြောင့် ခက်ခဲနေရကြောင်း၊ ချင်းနှစ်သစ်ကူးနေ့တွင် တထပ်တည်း ဝမ်းနည်းရကြောင်း၊ ပြည်သူများအတွက် ဆက်လက်တိုက်ပွဲဝင်သွားရန်၊ Federal ဒီမိုကရေစီ ဆက်လက်အားပေးရန်၊ အတူတကွ ပါဝင်ရန်တို့ ပြောကြားခဲ့ကြောင်း သိရှိရသည် ။

ထို့ပြင် ပြိုင်ပွဲမှ ရရှိလာသည့် အကျိုးအမြတ်များကို Chinland Building 25 millions Project တွင် အသုံးပြုရန် Chin brother FC မှ အုပ်ချုပ်သူ Ko Cung Cung မှ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article