ဖရူဆိုနှင့် ဘောလခဲ နယ်စပ်၌ စစ်တပ် ယာဉ်တန်းကို ကြားဖြတ် တိုက်ခိုက်
ရန်ကုန်၊ အောက်တိုဘာ ၂၄
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ် အစပ်၌ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ အောက်တိုဘာလ ၂၃ ရက် ည ၉ နာရီခွဲခန့်က ဘောလခဲမြို့နယ်အတွင်းသို့ စစ်လက်နက် ရိက္ခာများဖြည့်တင်းပြီး ဖရူဆိုမြို့နယ်၊ အမှတ် ၁၄ တန်းမြင့် စစ်လေ့ ကျင့်ရေးသင်တန်းကျောင်းသို့ ပြန် လာသော ယာဉ်အစီးရေ ၆၀ နှင့် ၁၀၀ ကြားရှိ ယာဉ်တန်းကို မာခရော်ရှေးအနီးအရောက် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ကြီးစထိမှန်က မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“ဒီတစ်ပတ် သုံးလေးငါးရက်အတွင်း ဆက်တိုက်ပဲ၊ တိုက်ပွဲကဖြစ်နေတာ၊ စစ်ယာဉ်တန်းကလည်း ဆက် တိုက်လာနေတော့၊ ၂၁ ရက်နေ့မနက်မှာ သူတို့က ဆင်းတယ်၊ မနေ့ညက ၉ နာရီခွဲကတော့ ဘောလခဲ ဘက်ကနေ ပြန်လာတဲ့ ယာဉ်တန်းတွေ၊ အစီး လေးငါးခြောက်ဆယ်လောက်နဲ့ ပြန်လာတဲ့ ယာဉ်တန်း တွေ၊ အစီးရေကတော့ ၆၀ နဲ့ ၁၀၀ ကြားရှိတယ်၊ အတိအကျတော့ ပြောလို့မရဘူး၊ တချို့က နှစ်စီး၊ သုံး စီးနဲ့ ဖြတ်သွားတာရှိတယ်၊ ကျနော်တို့ဘက်က ရဲဘော်တစ်ဦး လက်နက်ကြီးစထိသွားတာ၊ မစိုးရိမ်ရပါ ဘူး၊ အခု လူနာက ဆေးရုံရောက်နေပြီ။ခွေးသေနှုန်းကတော့ ပြောလို့မရဘူး၊ ကပ်လို့မရတဲ့ လမ်းမကြီး ဆိုတော့၊ ပြီးတော့ ကားတွေမှာလည်း နံဘေးမှာ သံတွေကာထားတာဆိုတော့ လက်နက်ငယ် နဲ့ပစ်တာ ထိရောက်မှုမရှိဘူး၊ လက်နက်ကြီးလောက်ပဲ ထိရောက်မှုရှိတာ၊ ညကတိုက်ပွဲမှာက လက်နက် ကြီးက လည်း အဆင်မပြေတော့ ယာဉ်တန်းလွတ်သွားတယ်” ဟု ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့သည် လွိုင်ကော်မြို့နယ်မှ ဒီမော့ဆိုမြို့နယ်ကို ဖြတ်ကာ ဖရူဆိုမြို့နယ် အမှတ် ၁၄ တန်းမြင့် စစ်လေ့ကျင့်ရေးသင်တန်းကို ရပ်နားပြီး ယင်းမှတဆင့် ဘောလခဲမြို့နယ်အတွင်း သို့ ယာဉ်တန်းများဖြင့် စစ်အင်အားလက်နက်ခဲယမ်းများပို့ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။