ဘီးလင်းမြို့နယ်တွင် စစ်တပ်က ဖျက်ဆီးသွားသော လမ်းပိုင်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က ပြန်လည် ပြုပြင်
ရန်ကုန်၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဖျက်ဆီးခဲ့သော လမ်းပိုင်းကို KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့မှ ပြန်လည် ပြုပြင်ပေးခဲ့ကြောင်း တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အောက်တိုဘာလ ၂၂ ရက် နေ့က ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာနှင့် ခဲမောက်ကျေးရွာချင်းဆက် လမ်းပိုင်းကို တောကျီးကန်းစစ်ကြောင်း၊ တပင်ရွှေထီး စစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်ဖွဲ့များမှ ပြန်လည်ပြင်ဆင်ပေးခဲ့ဖြစ်ပြီး လမ်းပိုင်းပြုပြင်နေစဉ် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီး များဖြင့် ပစ်ခတ်မှုရှိခဲ့ကြောင်း သိရသည်။
“ကျနော်တို့တပ်ဖွဲ့တွေ လုံခြုံရေးယူပြီးသွားရောက် ပြုပြင်ခဲ့တာပါဗျ၊ စကစတွေဘက်ကတော့ လက်နက် ကြီးနဲ့ ၁၀ ချက်၊ ၁၅ ချက်လောက် လှမ်းပစ်တယ်။ ကျနော်တို့ တောကျီးကန်းစစ်ကြောင်းအနေနဲ့ ဒါနဲ့ပါ ဆိုရင် ပြန်ပြုပြင်ပေးရတာ ၃ ကြိမ်လောက်ရှိပြီ ၊ နေရာတော်တော်များများမှာ ဖျက်ဆီးတာကြား ရပေ မယ့် အတိအကျတော့မမှတ်မိဘူးဗျ။ တချို့နေရာတွေကတော့ လုံခြုံရေးအရ ပြောပြလို့ အဆင်မပြေ လို့ပါ။” ဟု တောကျီးကန်းစစ်ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါလမ်းပိုင်းအား အောက်တိုဘာလ ၂၀ ရက်ည ၇ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဘတ်ဖိုး မြေတူးစက် ၂ စီး နှင့်အတူ အမြှောက်တပ်မှ ပစ်ကူပေးပြီး လာရောက်ဖျက်စီးစဉ် တောကျီး ကန်း စစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ သွားရောက်မောင်း ထုတ်ခဲ့ရကြောင်း သိရသည်။