30 C
Yangon

ဒေါ့ဖုန်းယန်မြို့တွင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရ

Must read

ဒေါ့ဖုန်းယန်မြို့တွင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရ

ရန်ကုန်၊ အောက်တိုဘာ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့တွင် အကြမ်းဖက် စစ်တပ်က ထောင်ထားသည့် မိုင်းနင်းမိပြီး ပြည်သူ ၁ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ဒေါ့ဖုန်းယန်မြို့ အမှတ် ၂ ရပ်ကွက်တွင် နေထိုင်သော အမျိုးသား ၁ ဦးသည် သင်ခါရန်ရွာကို သွားရောက်စဥ် လယ်ကွင်း တစ်နေရာ၌ စစ်တပ်က ထောင်ထားသည့်မိုင်း နင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒေါဖုန်ယန်မြို့က ရွာသား ၁ ဦး စစ်တပ်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဗန်းမော် ဆေးရုံတင်ထားရတယ်။ အခြေအနေတော့ မသိရသေးဘူး။ ညာခြေတောက်က တော်တော်ထိသွားတယ်။ ဒဏ်ရာ ပြင်းထန်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article