32 C
Yangon

ပေါင်းတည်တွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

Must read

ပေါင်းတည်တွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပဲခူးရိုးမပေါ် စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၂၆

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ပဲခူးရိုးမပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း ပေါင်းတည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့( ၃၆၀၁ PPDF ) မှ သတင်းပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်အချိန် ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်စခန်းမှ ရိုးမပေါ်သို့စစ် ကြောင်း ထိုးလာသောအင်အား ၂၄ ဦးပါ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားများကို စမ်းမအိုင်ရွာအရောက်တွင် ပေါင်းတည်မြို့နယ် (၃၆၀၁ PPDF) တပ်ရင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၂၀ ကြာမြင့်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုကို အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှု စစ်ဆင်ရေးကို ပေါင်းတည် မြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ ၃ တပ်ခွဲမှူး လင်းယုန် ဦးဆောင်ကာ (၃၆၀၁PPDF) တပ်ရင်းမှ တပ်ခွဲအားလုံးပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်၊ စက်ကလေးများဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များ အားလုံး အထိအခိုက်အန္တရာယ်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article